သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှာ ဧပြီလ ၁၄ ရက် ဒီကနေ့သင်္ကြန်အကျနေ့မနက် ၉ နာရီလောက်မှာ တော်လှန်ရေးအင်အားစုအဖွဲ့ဝင်တွေက စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ်ပြုလုပ်ရင်း တော်လှန်သံချပ်တွေနဲ့ ဖျော်ဖြေခဲ့တယ်လို့ သိရပါတယ်။
"စစ်တပ်စီးပွား ဒို့ငြင်းဆန် တော်လှန်သင်္ကြန် ပြည်သူ့အသံ" စာတန်းနဲ့အတူ ယင်းမာပင် - ဆားလင်းကြီးရွာပေါင်းစုံသပိတ်စစ်ကြောင်းရဲ့ ၇၆၄ ရက်မြောက်နေ့အဖြစ် ပြုလုပ်ခဲ့ရာ မြို့နယ်တွင်းက သပိတ်အင်အားစုတွေက လာရောက်ပူးပေါင်းခဲ့တယ်လို့ သပိတ်ကော်မတီဝင်တဦးက ပြောပါတယ်။