သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပဲခူးတိုင်းအနောက်ခြမ်း၊ အုတ်ဖိုမြို့နယ်မှာ သြဂုတ်လ ၃၁ ရက် ဒီမနက်က စစ်ကောင်စီ ဗိုလ်ကြီးတင်မျိုးအောင် ကို သေနတ်နဲ့ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သာယာဝတီခရိုင် ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့ က သတင်းထုတ်ပြန်ထားပါတယ်။
ဗိုလ်ကြီးတင်မျိုးအောင်ကို အုတ်ဖိုမြို့နယ်၊ အေးမြသာယာမြို့သစ်မှာ ဒီမနက် ၁၀ နာရီခွဲလောက်က အရပ်ဝတ်နဲ့ ဆိုင်ကယ်မောင်းပြန်လာချိန် သေနတ်နဲ့ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
"အုတ်ဖိုမြို့ကနေ အေးမြသာယာမြို့သစ်ကို တယောက်ထဲပြန်လာတာကို စောင့်ပြီး သေနတ်နဲ့ ၈ ချက်ပစ်သတ်ခဲ့တာပါ။ သူက အုတ်ဖို တိမ်မြုပ်တပ်က ပြန်တမ်းဝင် စစ်**ဗိုလ်ပါ" လို့ မြေအောက်ပြောက်ကျားတပ်ဖွဲ့ - အုတ်ဖိုရဲ့တာဝန်ခံ က ပြောပါတယ်။
တိုက်ခိုက်မှုအပြီး ဗိုလ်ကြီးတင်မျိုးအောင်ဆီက MA3 မောင်းပြန်သေနတ်တလက်၊ လက်ကိုင်ဖုန်း ၁ လုံး၊ ပိုက်ဆံအိတ် ၁ ခု မှတ်ပုံတင်နဲ့ ပြန်တမ်းဝင်အရာရှိကဒ်တခု သိမ်းဆည်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ ၁၈ ရက်ကလည်း အုတ်ဖိုမြို့နယ်၊ ဝိုင်းကျေးရွာနယ် ရဲစခန်းအနီးမှာ ပျူစောထီးလို့ သတင်းထွက်နေတဲ့ ကိုငသောင်းလေးကို မြေအောက်ပြောက်ကျားတပ်ဖွဲ့ - အုတ်ဖိုက ရှင်းလင်းခဲ့ ပါသေးတယ်။
ပဲခူးတိုင်းအနောက်ခြမ်းမှာ အုတ်ဖိုမြို့နယ်အပါအဝင် နတ်တလင်း၊ ပေါင်းတည်နဲ့ ပေါက်ခေါင်းမြို့နယ်တွေကို စစ်ကောင်စီက အခုနှစ် ဖေဖေါ်ဝါရီလ ၂ ရက်က စစ်အုပ်ချုပ်ရေး ကြေညာထားတာလည်း ဖြစ်ပါတယ်။
ပုံစာ - ဗိုလ်ကြီးတင်မျိုးအောင်နှင့် သိမ်းဆည်းရမိသည့် လက်နက်ပစ္စည်းအချို့။
စာတည်း - နွေဦးငြိမ်းချမ်း
#မြေလတ်အသံ
#သတင်း #ပဲခူးတိုင်းအနောက်ခြမ်း #အုတ်ဖို #သာယာဝတီခရိုင် #စစ်ကောင်စီ #ပစ်ခတ်တိုက်ခိုက် #MA3 #စစ်အုပ်ချုပ်ရေး