သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်သားတွေရဲ့ ပစ်ခတ်လိုက်တဲ့ ဗုံးသီးအစထိမှန်ပြီး ပေါင်းတည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - PPDF မှ ရဲဘော်တဦး သေဆုံးပြီး၊ တဦးဒဏ်ရာရရှိကာ လက်နက်အချို့ပါ ဆုံးရှုံးခဲ့တယ်လို့ အဲ့ဒီအဖွဲ့ဆီက သိရပါတယ်။
ပေါင်းတည်မြို့နယ်၊ ပဲခူးရိုးမအစပ် ရုပ်ဆိုင်ရွာအနီးမှာ ဇူလိုင် ၂၀ ရက် မနက်အစောပိုင်းမှာ စစ်ကောင်စီဘက်ကပစ်လိုက်တဲ့ ၄၀ မမ ဗုံးသီး ထိမှန်တဲ့အတွက် အသက် ၃၅ နှစ်အရွယ် ရဲဘော်တဦး သေဆုံးခဲ့တာပါ။
"ရဲဘော် ၄ ဦး မနက်ထမင်းစားနေတုန်း ၄၀ မမနဲ့ ပစ်တာကိုခံရတာ တဦးကပွဲချင်းပြီးကျပြီး တဦးက ဒဏ်ရာရသွားတာ။ ကျန်ရဲဘော် ၂ ယောက်ကလည်း ထွက်ပြေးရင်း လက်နက်တွေကျကျန်ခဲ့တာ"လို့ PPDFတပ်ဖွဲ့ဝင်တဦးကပြောပါတယ်။
လက်ရှိ ပေါင်းတည်မြို့နယ်အပိုင် ပဲခူးရိုးမအစပ်မှာ လှုပ်ရှားနေတဲ့စစ်ကောင်စီတပ်တွေက စစ်ကြောင်းလှည့်ချိန် ၄၀ မမ နဲ့ပစ်ခတ်ရာ လယ်တဲတခုမှာထမင်းစားနေတဲ့ PPDF ရဲဘော်တွေကို ထိမှန်ခဲ့တာလည်း ဖြစ်ပါတယ်။
ထွက်ပြေးခဲ့ရတဲ့ ရဲဘော်တွေဆီကနေ MA 3 ရိုင်ဖယ် ၁လက်၊ M 4 ၁ လက်၊ တူမီး ၁ လက်၊ ကျည် ၆၀ တောင့်၊ ယမ်း ၁ ဗူးနဲ့ အခြားအသုံးအဆောင်အချို့ ကျကျန်ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၃ ရက် မနက်ကလည်း ပေါင်းတည်မြို့နယ်၊ သစ်ပုတ်အုပ်စု၊ စမ်းမအိုင်ရွာနဲ့ ဘုတ်တိုင်ကျောလမ်းစုံမှာ အင်အား ၆၀ လောက်ဝန်းကျင်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်သားတွေကို PPDF က လက်နက်ငယ်နဲ့ ပစ်ခတ်ခဲ့လို့ ၂ ဦးသေကာ တဦးဒဏ်ရာရရှိခဲ့ပါသေးတယ်။
စာတည်း - လင်း
#မြေလတ်အသံ
#ပဲခူး #ပေါင်းတည် #PPDF #၄၀မမ #ထိမှန် #ရဲဘော်သေဆုံး #စစ်ကောင်စီ
Share Share Share