သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်ကနေ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ထဲကို စစ်ဘေးရှောင်ခဲ့ရသူတွေကို ဆန်၊ ဆီနဲ့ ငွေသားအချို့ အောက်တိုဘာ ၇ ရက်မှာ ထောက်ပံ့ပေးခဲ့တယ်လို့ ရွှေဘိုခရိုင် တပ်ရင်း ၁၅ ဆီက သိရပါတယ်။
စစ်ဘေးရှောင် ၁၅၀ ဦးအတွက် ၂၄ ပြည်ဝင် ဆန် ၂ အိတ်၊ ဆီ ၁၀ ပိဿာနဲ့ သီးနှံတွေအပြင် နို့တိုက်မိခင်တွေအတွက်လည်း တပ်ဦးကို ကျပ် ၂ သောင်းအပါအဝင် စုစုပေါင်း ငွေကျပ် ၆ သိန်းကျော် ထောက်ပံ့ပေးခဲ့တာလို့ ဆိုပါတယ်။
“ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီပေါ့။ တပ်ရင်းကလည်း မရှိရင် ပြည်သူ့ဆီအကူညီတောင်း ပြည်သူ အကူညီတောင်းတော့ တပ်ရင်းက ပြန်ထောက်ပံ့” လို့ ရွှေဘိုခရိုင် တပ်ရင်း ၁၅ မှ တပ်ရင်းမှူး ဗိုလ်ကောက်ရိုးက ပြောပါတယ်။
အခုတိမ်းရှောင်လာသူတွေရဲ့ ကျေးရွာဟာ ပျူစောထီးအများစုနေတဲ့ ကျေးရွာနဲ့ နီးပြီး လက်နက်ကြီးတွေနဲ့ အကြာခဏပစ်ခတ်တာကြောင့် အောက်တိုဘာ ၃ ရက်တည်းက ထွက်ပြေးလာခဲ့ရတာလို့ စစ်ရှောင်အမျိုးသားတဦးက ပြောပါတယ်။
စာတည်း - လင်း
#မြေလတ်အသံ
#စဉ့်ကူး #စစ်ရှောင် #လှူဒါန်း #သတင်း
Share Share Share