သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မုံရွာခရိုင် အမှတ် ၁၂ တပ်ရင်း၊ တပ်ခွဲ ၃ လျှပ်စီးတပ်ခွဲက လုပ်တဲ့ အမှတ်စဉ် ၁ စနိုက်ဘာ ပစ်သင်တန်းဆင်းပွဲနဲ့အတူ ထူးချွန်တဲ့ သင်တန်းသား ၃ ဦးကို ဂုဏ်ပြုဆုငွေနဲ့ လက်ဆောင်တွေပေးအပ်ခဲ့တယ်လို့ တပ်ခွဲပြန်ကြားရေးတာဝန်ခံ ရဲဘော် CA က ပြောပါတယ်။
အဲဒီသင်တန်းဆင်းပွဲကို ဇွန်လ ၂၉ ရက်က စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် တနေရာမှာ ပြုလုပ်ခဲ့တာပါ။
သင်တန်းကိုတော့ ဇွန်လ ၁ ရက်ကနေ ၂၉ ရက်ထိ ပြုလုပ်ခဲ့တာဖြစ်ပြီး သင်တန်းသားရဲဘော် ၁၃ ဦး ပါဝင်တယ်လို့ ရဲဘော် CA က ဆိုပါတယ်။
သင်တန်းဟာ ကြမ်းတမ်းခက်ခဲတဲ့အတွက် ကြံ့ခိုင်မှုအားနည်းတဲ့ သင်တန်းသားရဲဘော်အချို့ ပြီးဆုံးအောင် တက်ရောက်နိုင်ခြင်းမရှိဘူးလို့လည်း သူကဆက်ပြောပါတယ်။
သင်တန်းကာလတလျှောက် သင်တန်းဆရာတွေက စောင့်ကြည့်အမှတ်ပေးခဲ့ပြီးမှ ထူးချွန်သူတွေကို ရွေးချယ်ခဲ့တာလို့ ပြောပါတယ်။
အဲဒီသင်တန်းကို တောင်ပိုင်းတိုင်းစစ်ဒေသ အထူးစစ်ဆင်ရေးအဖွဲ့ (SOF)က တိုက်ခိုက်ရေးကျွမ်းကျင်သူတွေက သင်ကြားပေးခဲ့တာလို့ သိရပါတယ်။
စာတည်း-နွေဦးငြိမ်းချမ်း၊ တည်းဖြတ်-HP
#မြေလတ်အသံ
Share Share Share