သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ပေါ်မှာတပ်စွဲထားတဲ့ စစ်အုပ်စုထဲကတပ်ဖွဲ့ဝင် ၂ ဦးကို စက်တင်ဘာလ ၁၉ ရက် မနေ့က အသေ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ယင်းမာပင်ခရိုင်တပ်ရင်း ၁၆ မှ တပ်ရင်းမှူးဗိုလ်အောက်ဆွဲ က ပြောပါတယ်။
ဆားလင်းကြီးမြို့၊ ရွှေမုတောဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်အုပ်စုအင်အား ၂၀ ဦးလောက်ထဲက ၂ ဦးဟာ မနေ့ည ၇ နာရီလောက်မှာ အရက်ထွက်ဝယ်တာကို ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
“လက်နက်မပါပဲ အရက်ထွက်ဝယ်တယ်သတင်းရလို့စောင့်ပြီး အရက်ဆိုင်နားမှာပဲ ပစ်ခတ်ခဲ့တာပါ။ မျက်ဝါးထင်ထင် ၂ ယောက်စလုံး ပွဲချင်းပြီး ဖြစ်သွားတယ်။ ယူနီဖောင်းတဝက်ဝတ်ထားပြီး ညလည်းဖြစ်တော့ ရဲလားစစ်သားလားတော့ မသိဘူး" လို့ ဗိုလ်အောက်ဆွဲ က ပြောပါတယ်။
တိုက်ခိုက်မှုအပြီးမှာ စစ်အုပ်စုဘက်က ဆားလင်းကြီးမြို့ပေါ်ကို စစ်ဆေးမှုတွေပြုလုပ်သလို ပစ်ခတ်မှုတွေပြုလုပ်ခဲ့ပြီး အလောင်းတွေကို သယ်သွားတယ်လို့ ဆိုပါတယ်။
အဲဒီစစ်အုပ်စုဟာ ဘာသာရေးအဆောက်အဦတခုကို ခုတုံးလုပ်ပြီး တပ်စွဲထားတာဖြစ်တယ်လို့လည်း ပြောပါတယ်။
အဲ့ဒီတိုက်ခိုက်မှုကို ယင်းမာပင်ခရိုင်တပ်ရင်း ၁၆ တပ်ခွဲ ၃ သမန်းကျားတပ်ဖွဲ့က တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
ဆားလင်းကြီးမြို့နယ်မှာ စစ်ကောင်စီတပ်က မကြာခဏ စစ်ကြောင်းထိုးတာတွေလည်းရှိပြီး ပြီးခဲ့တဲ့ စက်တင်ဘာလ ၆ ရက်ကလည်း မြို့ရဲ့တောင်ဘက်ခြမ်းကို တိုက်ပွဲမရှိဘဲစစ်ကြောင်းထိုးလို့ ရုံးပင်၊ ထူးကြီး၊ မင်းတော စတဲ့ကျေးရွာတွေ တိမ်းရှောင်ခဲ့ရပါသေးတယ်။
ယင်းမာပင်ခရိုင် တပ်ရင်း ၁၆ တပ်ခွဲ ၃ ဟာ စက်တင်ဘာ ၁ ရက် ည ၉ နာရီလောက်ကလည်း ရွှေမုတောဘုန်းကြီးကျောင်းထဲမှာတပ်စွဲထားတဲ့ စစ်အုပ်စုကိုတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့ပါသေးတယ်။
ပုံစာ - ယင်းမာပင်ခရိုင်တပ်ရင်း ၁၆ နဲ့ မဟာမိတ်တွေကိုတိုက်ပွဲတခုတွေ့ရစဉ်(ပုံဟောင်း)။
စာတည်း - နွေဦးငြိမ်းချမ်း
#မြေလတ်အသံ
#သတင်း #တိုက်ခိုက်မှု #စစ်ကောင်စီ #စစ်ကိုင်းတိုင်း #ဆားလင်းကြီး #သေဆုံးမှု
Share Share Share