ဇာတ်ရုပ်မျိုးစုံနဲ့ အာဏာရှင်ကိုတော်လှန်နေသူ (ရုပ်သံဆောင်းပါး)

စစ်တပ်က မတရားအာဏာသိမ်းလိုက်ပြီးတဲ့နောက် လမ်းပေါ်ထွက်ဆန္ဒပြရာကနေ လက်နက်ကိုင်တော်လှန်တဲ့ PDF ရဲဘော်ဖြစ်လာခဲ့ပြီး အခုလက်ရှိမှာတော့ မင်းသမီးတဦးအဖြစ် ကပြဖျော်ဖြေကာ ပြည်သူလူထုနဲ့ ရဲဘော်တွေအတွက် စိတ်ဓာတ်မြှင့်တင်ရေးကဏ္ဍတွေမှာ ပါဝင်ဆောင်ရွက်နေတာဖြစ်ပါတယ်။

အာဏာမသိမ်းခင်က ဒေါင်းမင်းသူရိန်ဟာ သင်္ချာမေဂျာ ဒုတိယနှစ် ကျောင်းသားတဦးဖြစ်ခဲ့ပေမယ့် စစ်တပ်က မတရားအာဏာသိမ်းယူပြီးနောက်မှာတော့ ဆန္ဒပြပွဲတွေမှာ ဦးဆောင်ပါဝင်လာခဲ့ပါတယ်။

၂၀၂၁ ခုနှစ်၊ မတ်လအစပိုင်းမှာ မုံရွာ-အမြင့်လမ်း သပိတ်ကော်မတီကို စတင်ဖွဲ့စည်းခဲ့ပြီး သပိတ်ခေါင်းဆောင် အဖြစ် ၂ လကျော် လုပ်ကိုင်ခဲ့ပါတယ်။ 

သပိတ်အင်အားစုတွေနဲ့ ဆန္ဒပြပြည်သူတွေကို စစ်တပ်က သေနတ်နဲ့ပစ်ခတ်ဖြိုခွင်းလာတာကြောင့် မေလ ၁၀ ရက်မှာတော့ လက်နက်ကိုင် လမ်းစဉ်ကို ရွေးချယ်ခဲ့ပြီး စစ်သင်တန်းသွားကာ တပ်ရင်းတခုရဲ့ တပ်ရေးဗိုလ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

ငယ်စဥ်ကတည်းက အကကို ဝါသနာကြီးခဲ့သူဖြစ်တာကြောင့် အလှူပွဲတွေ၊ ရွာကျောင်းစုံညီပွဲတွေမှာ အမြဲကလေ့ရှိပြီး တက္ကသိုလ်ကျောင်းသားဘဝထိ ဖျော်ဖြေပွဲတွေ ကလေ့ရှိသူပါ။ ဆိုင်းသံဗုံသံကြားရင် မကရ မနေနိုင်ဖြစ်တဲ့ထိ အကကို ဝါသနာပါခဲ့သူလည်းဖြစ်ပါတယ်။

တပ်ရေးဗိုလ်အဖြစ် ၁ နှစ်နီးပါး တာဝန်ထမ်းဆောင်စဉ်ခဲ့စဥ်က သူ့ရဲ့ဝါသနာကို ချုပ်တည်းကာ တပ်ရေးဗိုလ်အနေနဲ့ နေထိုင်ခဲ့ရပေမယ့် ၂၀၂၃ နှစ်အစပိုင်းမှာတော့ ပြည်သူတွေရဲ့ တောင်းဆိုမှုကြောင့် စခန်းနားက ရွာအလှူပွဲ တခုမှာ ပြန်ကဖြစ်ခဲ့ရာကနေ အခုချိန်အထိ ဝါသနာပါရာကိုလည်းလုပ်ရင်း တော်လှန်ရေးအတွက်လည်း အထောက်အကူ ပြုတဲ့ ရန်ပုံငွေပွဲတွေ နယ်လှည့် ကပြနေပါတယ်။

တည်းဖြတ် - ဇို

#မြေလတ်အသံ

#ရုပ်သံဆောင်းပါး #အာဏာရှင်တော်လှန်ရေး #မင်းသမီး #ဒေါင်းမင်းသူရိန် #PDF

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10