သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မကွေးတိုင်း၊ ဂန့်ဂေါခရိုင်အခြေပြု ABSDF Column - 3 ယောဒေသတပ်ဖွဲ့ဝင်တွေက တပ်ဖွဲ့ယူနီဖောင်းတွေကို ကိုယ်တိုင်ချုပ်လုပ်နိုင်ဖို့အတွက် စက်ချုပ်ပညာတွေကိုသင်ယူနေတယ်လို့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ကိုပြည့်ဖြိုးကျော် က ပြောပါတယ်။
ချင်းအမျိုးသားတပ်မတော် CAN ဆီမှာ ပြီးခဲ့တဲ့ဇွန်လလယ်ကစလို့ သင်တန်းသူ ၆ ဦးနဲ့ သင်ကြားနေတာဖြစ်ပြီး သင်တန်းကာလ ၆ လကြာမြင့်မယ်လို့ ဆိုပါတယ်။
"လက်ရှိက မဟာမိတ်ဆီမှာ ပညာသင်ယူနေကြပါတယ် ကျွန်တော်တို့ရဲဘော်တွေရဲ့ယူနီဖောင်းတွေကို စက်ချုပ်ဌာနဖွင့်ပြီး ချုပ်သွားမှာ။ အဓိက က ယူနီဖောင်းတွေ ဝယ်မဝတ်ရတဲ့အခါ အကုန်အကျနည်းလာဖို့ပါပဲ" လို့ ကိုပြည့်ဖြိုးကျော် က မြေလတ်အသံကို ပြောပါတယ်။
လက်ရှိယူနီဖောင်းတစုံကို ကျပ်တသိန်းဝန်းကျင်လောက်ရှိပြီး ကိုယ်တိုင်ဖျင်စဝယ်ချုပ်လုပ်ပါက ကုန်ကျစရိတ် တဝက်နီးပါး သက်သာမှာဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။
ABSDF Column - 3 မှာ အလှူရှင်တွေလှူဒါန်းထားတဲ့ အပ်ချုပ်စက် ၂ လုံးရှိထားပြီး လိုအပ်နေသေးတယ်လို့ ဆိုပါတယ်။
ABSDF Column - 3တပ်ဖွဲ့ဟာ ပြီးခဲ့တဲ့ ဇူလိုင် ၉ ရက်ကလည်း သင်တန်းအပတ်စဥ် ၂/၂၀၂၃ မှ သင်တန်းသား အမျိုးသား ၃၁ ဦးနဲ့ အမျိုးသမီး ၃ ဦး စုစုပေါင်း ၃၄ ဦးပါဝင်တဲ့ အခြေခံစစ်ပညာသင် တန်းဆင်းခဲ့ပြီးဖြစ်သလို အခုနှစ်ဆန်း ဇန်နဝါရီလကလည်း သင်တန်းသား ၃၂ ဦးပါဝင်တဲ့ သင်တန်းအပတ်စဥ် ၁ စစ်အခြေခံသင်တန်းဆင်း ပွဲပြုလုပ်ခဲ့ပါသေးတယ်။
စာတည်း- ရင်ငြိမ်း
#မြေလတ်အသံ
#မကွေး #ဂန့်ဂေါ #ယောဒေသ #ABSDF #ယူနီဖောင်း #စက်ချုပ်သင်
Share Share Share