တာဝန်တွေကြားက ဥပုသ်စောင့်နိုင်ခဲ့တဲ့ ABSDF ရဲဘော် မိုဟာမက်( ရုပ်/သံ)

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး အမှတ် ၂ စစ်ကြောင်းရဲ့ တိုက်ခိုက်ရေး ရဲဘော်တဦးဖြစ်တဲ့ ရဲဘော် မိုဟာမက်ဟာ အီးဒ်နေ့အထိမ်းအမှတ် ဆုမွန်ကောင်းတောင်းကြောင်း တပ်ဖွဲ့ကနေ ထုတ်ပြန်ထားပါတယ်။

မတ်လ ၁၁ရက်ကနေ ဧပြီလ ၁၁ရက်ထိ ကျရောက်ခဲ့တဲ့ ရမဇာန်လကို ရှေ့တန်းတနေရာမှာပဲ တပ်ဖွဲ့ တာဝန်တွေကြားက ပြီးမြောက်အောင် ယူခဲ့ရတယ်လို့ ရဲဘော်မိုဟာမက်က ဆိုပါတယ်။

 

တာဝန်ကိုလည်း ကျေပွန်စွာ ထမ်းဆောင်ချင်တယ်၊ ဥပုသ်ကိုလည်း မပျက်မကွက်ဘဲနဲ့ စောင့်ချင်တယ်၊ အဲ့အတွက် အခက်ခဲတော်တော်ကြုံရတယ်၊ တပ်သားတယောက်ဖြစ်လာတဲ့အပေါ်မှာ တာဝန်တွေ အများကြီး ပိလာတယ်၊ တနေ့လုံး မအားတာတွေ၊ နေ့ရော ညရော မအားတာတွေ ရှိတယ်၊ အဲ့အတွက် ဥပုသ်လကို အပြည့်အဝ မယူနိုင်ဘူးပေါ့ဗျာ၊ အဲ့အတွက်လည်း အများကြီး စိတ်မကောင်းဖြစ်ရတယ်။”လို့ ရဲဘော် မိုဟာမက်က ပြောပါတယ်။

 

တနိုင်ငံလုံးမှာရှိတဲ့ အစ္စလာမ်ဘာသာဝင်တွေသာမက တိုင်းရင်းသားပေါင်းစုံ၊ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံက လူထုတွေအနေနဲ့လည်း စည်းစည်းလုံးလုံးနဲ့ တော်လှန်ရေးမှာ ပါဝင်ပေးကြဖို့လည်း သူက တိုက်တွန်းထားပါတယ်။

 

 

တည်းဖြတ်-ဇို

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10