သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ထဲမှာ ရုတ်တရက်လဲကျသေဆုံးတဲ့ ရဲဘော်တဦးကို သင်္ဂြိုဟ်ပြီးစီးခဲ့ပြီလို့ အမှတ် ၁ စစ်ဒေသ၊ ယင်းမာပင်ခရိုင် အမှတ် ၁၁ တပ်ရင်း၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်က တပ်ရေးအရာရှိ ရဲဘော် ဥက္ကာက ပြောပါတယ်။
ကျဆုံးသူဟာ ကိုယ်ပိုင်အမှတ် P ၁၃ ၀၁၁ ၃၃၂ အသက် ၂၇ နှစ်အရွယ် ရဲဘော်စိုးအောင်ဖြစ်ပြီး ဧပြီ ၁၀ ရက် မနက် ၈ နာရီက သင်္ဂြိုလ်ခဲ့တယ်လို့ ဆိုပါတယ်။
ရဲဘော်စိုးအောင်ဟာ ဧပြီ ၉ ရက် မနက် ၁၀ နာရီခန့်မှာ တာဝန်ထမ်းဆောင်နေရင်း လမ်းခရီးတနေရာမှာ ကျဆုံးခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။
ရဲဘော်စိုးအောင်ဟာ လူပျိုတဦးဖြစ်ပြီး ငယ်စဉ်က သွေးအန်တဲ့ ဝေဒနာခံစားခဲ့ဖူးပေမယ့် အခုသေဆုံးမှုဟာ အပူရှိန်ပြင်းတာကြောင့် ရုတ်တရက်သေဆုံးတာဖြစ်တယ်လို့ ပြောပါတယ်။
ရဲဘော်စိုးအောင်ရဲ့ဈာပနကိုမိသားစုဝင်တချို့နဲ့ ယင်းမာပင်ခရိုင် အမှတ် ၁၁ တပ်ရင်းမှာရှိတဲ့ ရဲဘော်တွေက လိုက်ပါပို့ဆောင်ပေးခဲ့ကြပါတယ်။
တည်းဖြတ် - HP
#မြေလတ်အသံ
#ယင်းမာပင် #အမှတ်၁၁တပ်ရင်း #ရဲဘော် #သေဆုံး #အပူချိန်လွန်ကဲ
Share Share Share