သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
တိုက်ပွဲကပြန်လာရင် သပြေခက်နဲ့ ကြိုပေးပါလို့ပြောသွားပြီး အဲဒီတိုက်ပွဲမှာပဲ ကျဆုံးသွားလို့ သူ့ဆန္ဒအတိုင်း အရိုးပြာကိုပဲ ဝမ်းနည်းစွာသပြေခက်နဲ့လက်ခံခဲ့ရတယ်လို့ ယင်းမာပင်ခရိုင် တပ်ရင်း ၁၂ တပ်ခွဲ ၃ - T R I P L E - R ရဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော် Yar Ma က ပြောပါတယ်။
ကျဆုံးသူ အသက် ၂၁ နှစ်အရွယ် ရဲဘော်နိုင်မင်းဌေးဟာ စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင် တပ်ရင်း ၁၂ တပ်ခွဲ ၃ က ဖြစ်ပြီး ကောလင်းခရိုင်၊ ပင်လယ်ဘူးမြို့နယ်၊ ပလူတာကျေးရွာတိုက်ပွဲမှာ မတ်လ ၁၃ ရက် နေ့လယ်က ဒဏ်ရာရခဲ့ပြီး ဆေးကုသမှုခံယူနေချိန် နောက်တရက် မနက် ၃ နာရီခွဲမှာ ကျဆုံးခဲ့တာလို့ ပြောပါတယ်။
အဲဒီနေ့ မနက်မှာပဲ ကျဆုံးရဲဘော်ရဲ့ အလောင်းကို မီးသင်္ဂြိုဟ်ခဲ့ပြီး အရိုးပြာကို တပ်ခွဲ ၃ အခြေစိုက်တဲ့ ပုလဲမြို့နယ်ကို ပြန်သယ်လာတယ်လို့ ပြောပါတယ်။
ယင်းမာပင်ခရိုင်၊ တပ်ရင်း ၁၂ တပ်ခွဲ ၃ - T R I P L E - R ဟာ ပြီးခဲ့တဲ့ မတ်လ ၂ ရက်ကနေ ၁၂ ရက်ထိ ကနီမြို့သိမ်းတိုက်ပွဲမှာ အခြား မဟာမိတ်တွေနဲ့အတူ အလယ်ကျွန်းရွာ ပျူတွေကို ဖြတ်တောက်ရေး ကဏ္ဍဝင်ရောက်တိုက်ခိုက်ခဲ့ ပါသေးတယ်။
စာတည်း-နွေဦးငြိမ်းချမ်း၊ တည်းဖြတ်-HP
#မြေလတ်အသံ
#တိုက်ပွဲ #သတင်း #ကျဆုံး #ယင်းမာပင်တိုက်ပွဲ #ယင်းမာပင်သတင်း #ရဲဘော် #ပုလဲ
Share Share Share