တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့ရတဲ့ရဲဘော်ကို ကောင်းမွန်စွာသင်္ဂြိုဟ် (ရုပ်သံ)

 
 
ပဲခူးတိုင်းအနောက်ခြမ်း၊ အုတ်ဖိုမြို့နယ်မှာ တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့တဲ့ ရဲဘော်တဦးကို ဖေဖေါ်ဝါရီလ ၁၅ ရက် မနက် ၉ နာရီက ကောင်းမွန်စွာ သင်္ဂြိုဟ်ခဲ့တယ်လို့ ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၃၆၀၁ PPDF)တပ်ရင်း တပ်ခွဲ ၂ က တပ်ခွဲမှူး ဗိုလ်ကျားဟိန်းက ပြောပါတယ်။

ကျဆုံးသူဟာ ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၃၆၀၁ PPDF) တပ်ရင်း တပ်ခွဲ ၂ ဧရာညီနောင်စစ်ကြောင်းက ကိုယ်ပိုင်အမှတ် P2 -၃၆၀၁၃၉၇ တပ်စိတ်မှူး ရဲဘော်တောင်တန်းလို့ ပြောပါတယ်။

ရဲဘော်တောင်တန်းဟာ ဖေဖေါ်ဝါရီလ ၁၁ ရက် မနက် ၇ နာရီက အုတ်ဖိုမြို့နယ် မင်းလှဆည်ရှင်းလင်းဆောင်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို ‌သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ နဲ့ ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၃၆၀၁ PPDF) တပ်ရင်း တပ်ခွဲ ၂ဧရာညီနောင်စစ်ကြောင်းတို့ပေါင်းကာ ဝင်တိုက်ချိန် စစ်သားတဦးပစ်တဲ့ သေနတ်ကျည်ထိမှန် ကျဆုံးခဲ့တာလို့ ပြောပါတယ်။

အလောင်းကို ကျဆုံးခဲ့တဲ့ အုတ်ဖိုမြို့နယ်ကနေ မိခင်တပ်ရင်းရှိတဲ့ ပေါင်းတည်မြို့နယ်ကို ပြန်သယ်ကာ ကောင်းမွန်စွာ မြေမြုပ်သင်္ဂြိုဟ်ခဲ့တာလို့ ပြောပါတယ်။

ရဲဘော်တောင်တန်းဟာ အသက် ၂၂ နှစ်အရွယ်ရှိကာ လူပျိုတဦးဖြစ်ပြီး ခရစ်ယာန်ဘာသာဝင်တဦးဖြစ်တယ်လို့ သိရပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10