တောင်သူတွေ စိုက်စရိတ်သက်သာဖို့  PDF တွေ လုပ်အားပေး

တောင်သူတွေ စိုက်စရိတ်သက်သာဖို့  PDF တွေ လုပ်အားပေး

မကွေးတိုင်း ပခုက္ကူခရိုင်ထဲမှာ အခြေစိုက်တဲ့  လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ - မြိုင်က တပ်ဖွဲ့ဝင်တွေဟာ ဒေသခံတွေရဲ့ စိုက်ပျိုးစရိတ် သက်သာစေဖို့ စိုက်ပျိုးရေးလုပ်ငန်းခွင်မှာ ကူညီပေးခဲ့တယ်လို့  တပ်ဖွဲ့တာဝန်ခံ ရဲဘော်ထက်လွင်ဆီက သိရပါတယ်။

မြိုင်မြို့နယ်ထဲက စိုက်ပျိုးပြီး မြေပဲခင်းကို ဆေးဖြန်းတာနဲ့ မြေပဲ စတင်စိုက်ပျိုးတာတွေကို ဇွန် ၅ ရက်ကနေ ၉ ရက်ထိ နေ့စဉ် ရဲဘော်  ၅ ဦးကျော်နဲ့ တောင်သူတွေကို ကူညီခဲ့တာလို့ ဆိုပါတယ်။

“လူထုကို အလုပ်အကြွေးပြုဖို့ ဆိုတဲ့ တပ်ရင်းရဲ့ မူအရ ကူဖြစ်တာလည်းပါသလို ကိုယ်အခြေပြုရာ ‌ဒေသက တောင်သူလယ်သမားတွေရဲ့  အခက်အခဲကို ကူညီဖြေရှင်းပေးချင်တာလည်းပါတယ်။ စိုက်ပျိုးစရိတ်သက်သာအောင်ပေါ့ ” လို့  ရဲဘော်ထက်လွင်က ပြောပါတယ်။

အဲဒီလို ကူညီရာမှာ အခပေးငှားထားတဲ့ လုပ်သားတွေနဲ့အတူ ကူညီကြတာဖြစ်ပြီး အခုလိုကူညီခဲ့လို့  တောင်သူတွေအတွက် စိုက်ပျိုးစရိတ်သက်သာစေခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

အဲဒီဒေသမှာ လုပ်သားငှားရမ်းခ တနေ့ကို ပျှမ်းမျှ ကျပ် ၈,၀၀၀ ကနေ ကျပ် ၁၀,၀၀၀  ဝန်းကျင် ဈေးပေါက်နေတယ်လို့ ဆိုပါတယ်။

လက်ရှိ  မိုးကြိုကာလမှာ ပခုက္ကူခရိုင်အတွင်းက တောင်သူတွေဟာ မြေပဲကို အဓိက စိုက်ပျိုးနေတယ်လို့  ပြောပါတယ်။

လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ဟာ  ပြီးခဲ့တဲ့ မေ ၁၈ ရက် ညနေ ၅ နာရီလောက်က တိုက်ခတ်တဲ့ မိုးသက်လေပြင်းကြောင့် ပျက်စီးသွားတဲ့ ပေါက်မြို့နယ်ထဲရှိ ကျေးရွာတရွာက နေအိမ် ၁၀ လုံးကိုလည်း ကူညီပြုပြင်ပေးခဲ့ပါသေးတယ်။

ပုံစာ - လုပ်အားပေးနေတဲ့ လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ - မြိုင်ရဲ့ ရဲဘော်များ။

စာတည်း-လင်းဇေ

#မြေလတ်အသံ

#မကွေးတိုင်း #ပခုက္ကူ #လင်းယုန်ညီနောင်ပြောက်ကျားတပ်ဖွဲ့ #မြိုင် #စိုက်ပျိုးစရိတ် #ရဲဘော်ထက်လွင်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10