သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ရဲ့နာရေးကို ပြည်ကြီးတံခွန်မြို့နယ် ချမ်းမြသာယာရပ်ကွက်၊ ကျွဲဆည်ကန်(၃)လမ်းရှိ ၎င်းရဲ့ဖခင်ဖြစ်သူ နေအိမ်မှာပြင်ဆင်ထားပြီး မနက်ဖြန်အောက်တိုဘာ ၈ ရက် မနက် ၁၀ နာရီမှာ တောင်အင်းမြောက်အင်းသုဿန်ကို ပို့ဆောင်သင်္ဂြိုဟ်မယ် လို့ မန္တလေးNLDအသိုင်းအဝိုင်းထံက သိရပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-NLD ပါတီရဲ့ ဒုဥက္ကဌဖြစ်သလို မန္တလေးတိုင်းဝန်ကြီးချုပ်တာဝန်ယူခဲ့တဲ့ ဒေါက်တာဇော်မြင့်မောင်ဟာ သွေးကင်ဆာရောဂါနဲ့ မန္တလေးအထူးကုဆေးရုံကြီးမှာကုသနေစဥ် အောက်တိုဘာ ၇ ရက် ဒီကနေ့ မနက်အစော ၃ နာရီမှာ ဆုံးပါးသွားခဲ့တာပါ။
ဒေါက်တာဇော်မြင့်မောင်ဟာ စစ်တပ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် ကတည်းက ဖမ်းဆီးခံထားရတာဖြစ်ပြီး အကျဥ်းထောင်ထဲမှာလည်း ကျန်းမာရေးမကောင်းတာကြောင့် မကြာခဏ ဆေးရုံတက်ကုသခဲ့ရသေးတယ်လို့ လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဥ်းသားတဦးကပြောပါတယ်။
လက်ရှိမှာ ဒေါက်တာဇော်မြင့်မောင်ရဲ့နာရေးပြင်ဆင်ထားတဲ့နေအိမ်ကို စစ်ကောင်စီမန္တလေးတိုင်း ဝန်ကြီးချုပ်၊ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ ထွေအုပ်နဲ့စည်ပင်အရာရှိတွေ ရောက်ရှိနေတယ်လို့ သိရပါတယ်။
စစ်ကောင်စီနဲ့နီးစပ်တဲ့ သတင်းမီဒီယာတချို့မှာတော့ ဒေါက်တာဇော်မြင့်မောင်ရဲ့နာရေးကို စစ်ကောင်စီဝန်ကြီးချုပ်နဲ့အဖွဲ့က လာရောက်ဂါရဝပြုတယ်လို့ ဖော်ပြကြပါတယ်။
စစ်အာဏာသိမ်းပြီးတဲ့နောက် သွေးကင်ဆာဝေဒနာခံစားနေရတဲ့ ဒေါက်တာဇော်မြင့်မောင်ကို စစ်ကောင်စီက မဲမသမာမှု၊ အဂတိအမှု၊ နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ သဘာဝေဘေးဥပဒေ စတဲ့ပြစ်မှုတွေ အပါအဝင် အမှု ၉ မှုနဲ့ ထောင်ဒဏ် ၂၉ နှစ်ချမှတ်ကာ အိုးဘိုထောင်မှာ ချုပ်နှောင်ထားခဲ့တာပါ။
ဒေါက်တာဇော်မြင့်မောင်ရဲ့ အမရပူရမြို့နယ်က မိသားစုပိုင် နေအိမ်ကိုလည်း စစ်ကောင်စီတပ်က ယနေ့အထိချိပ်ပိတ်ထားဆဲဖြစ်ပြီး မန္တလေးတိုင်းဝန်ကြီးချုပ်ဟာ ကွယ်လွန်ချိန်မှာ အသက် ၇၃ နှစ်ရှိပြီ ဖြစ်ပါတယ်။
စာတည်း - ဟိန်းစံ၊ တည်းဖြတ် - ငြိမ်းဇော်
#မြေလတ်အသံ
#ဒေါက်တာဇော်မြင့်မောင် #နာရေး #မန္တလေး #ဝန်ကြီးချုပ်
Share Share Share