သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပဲခူးတိုင်းအနောက်ခြမ်း နတ်တလင်းမြို့နယ်ထဲက တောင်ညိုဆည်အထက်ကို စက်လှေတစင်းနဲ့လာတဲ့ စစ်ကောင်စီတပ်သားတွေကို ဒေသခံPDFတွေက ဇန်နဝါရီလ ၂၆ ရက် မနေ့က နေ့လယ်ပိုင်းမှာ တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား ၄ ဦး သေကာ ၆ဦးဒဏ်ရာ ရရှိသွားတယ်လို့ သိရပါတယ်။
တောင်ည်ိုဆည်အထက် ဘိုကြီးစခန်းရွာကို အင်အားဖြည့်ဖို့လာတဲ့ စစ်သားအင်အား ၁၅ ဦးလောက်ကို နေ့လယ် ၂ နာရီ ခွဲလောက်မှာ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
"ဘိုကြီးစခန်းရွာမှာက စစ်သားအင်အား ၄၀ လောက်တပ်စွဲထားတာ အင်အားဖြည့်ဖို့ လာတဲ့သဘော။ ကျနော်တို့က ဘိုကြီးစခန်းမရောက်ခင်မှာ ဆည်လမ်းကြောင်းထဲမှာဝိုင်းပစ်တာ။ စက်လှေက ရှေ့ဆက်မတိုးတော့ပဲ လာရာလမ်းအတိုင်းပြန်လှည့်သွားတယ်" လို့ Phoenix DFက တာဝန်ရှိသူက ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုမှာ စစ်သား ၄ ဦးသေပြီး ၆ ဦး ဒဏ်ရာရရှိသွားသလို စက်လှေမောင်းသူနဲ့ စက်လှေပေါ်ပါ အရပ်သားတဦးတို့လည်း မစိုးရိမ်ရတဲ့ ဒဏ်ရာတွေရရှိသွားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတယ်။
ပဲခူးတိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁ ရဲ့တပ်ခွဲ၁ Zigon PDF၊ တပ်ခွဲ၂ Phoenix DF(Nattalin PDF)၊ တပ်ခွဲ ၃ နတ်စစ်သည်နဲ့ တပ်ခွဲ ၄ က MRF- Nattalinတို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၃ ရက်ကလည်း တောင်ညိုဆည်အထက် ကြက်မနက်ရွာကနေ ညောင်လေးပင်ဘက်ကို စစ်သားအင်အား ၅၀ လောက်နဲ့ ဦးတည်လာနေချိန် Phoenix DFအပါပူးပေါင်းအဖွဲ့တွေ တိုက်ခိုက်လို့ စစ်သား ၄ ဦးနဲ့အထက်သေဆုံးခဲ့ရပါသေးတယ်။
#မြေလတ်အသံ
Share Share Share