သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပဲခူးတိုင်းအနောက်ခြမ်းရှိ နတ်တလင်းမြို့နယ်၊ တောင်ညိုမြို့သစ်အနီး ကင်းလှည့်နေတဲ့ ရဲတွေကို သြဂုတ် ၂၂ ရက် ညက မိုင်းဆွဲတိုက်ခိုက်လို့ ရဲ ၂ ဦးသေကာ ရဲ ၁ ဦးနဲ့ အမျိုးသမီး ၁ ဦးလည်း ဒဏ်ရာရရှိသွားတယ်လို့ Phoenix DF က သတင်းထုတ်ပြန်ထားပါတယ်။
နတ်တလင်းမြို့နယ်အရှေ့ဘက်၊ တောင်ညိုမြို့သစ် နယ်မြေရဲစခန်းက ရဲတွေက ဆိုင်ကယ် ၃ စီး အင်အား ၆ ဦးနဲ့ ကင်းလှည့်ပြီးအပြန် ကံစုကျေးရွာသင်္ချိုင်းကုန်းအနီးမှာ မိုင်းဆွဲခဲ့တာလို့ ဆိုပါတယ်။
"ရဲ*တွေ ကင်းလှည့်တာကိုစောင့်နေပြီး ဆိုင်ကယ်မောင်းလာချိန် အသင့်ထောင်ထားတဲ့ မိုင်း ၄ လုံးနဲ့ဆွဲခဲ့တာ။ ဆိုင်ကယ် ၂ စီးလည်း ပျက်စီးသွားတယ်။ မြေပြင်သတင်းအရ အလောင်းနဲ့ ဒဏ်ရာရသူတွေကို ကားနဲ့လာသယ်သွားတယ်။ ဘယ်ကိုသယ်လဲတော့ မသိရဘူး" လို့ Phoenix DF ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
Phoenix DF ထုတ်ပြန်တဲ့သတင်းမှာတော့ တိုက်ခိုက်မှုကြောင့် ရဲ ၂ ဦးသေကာ ရဲ ၁ ဦး ဒဏ်ရာရသလို အမျိုးသမီး ၁ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုထားပါတယ်၊။
အဲဒီတိုက်ခိုက်မှုကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁ တပ်ခွဲ ၂ Phoenix DF (Nattalin PDF) က လုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။
ပြီးခဲ့တဲ့မတ် ၂၁ ရက်ကလည်း Phoenix DF၊ ပြည်ခရိုင်တပ်ရင်း ၃၆၀၁ က တပ်ခွဲ ၂ နဲ့ ၃ တို့ ပူးပေါင်းကာ နတ်တလင်းမြို့နယ် တောင်ညိုဆည်အထက်က စစ်ကောင်စီတပ်တပ်စွဲထားတဲ့ ကြက်မနက်ရွာ ကို တိုက်ခိုက်ခဲ့ကြပါသေးတယ်။
စာတည်း - လင်းဇေ
#မြေလတ်အသံ
#ပဲခူးတိုင်းအနောက်ခြမ်း #နတ်တလင်းမြို့ #တောင်ညိုမြို့သစ် #မိုင်းဆွဲတိုက်ခိုက် #သတင်း
Share Share Share