သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပဲခူးတိုင်းအနောက်ခြမ်း၊ နတ်တလင်းမြို့နယ်က စစ်ကောင်စီယာယီစခန်းကို ဒေသကာကွယ်ရေးအဖွဲ့တွေက တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သားတဦး သေဆုံးခဲ့တယ်လို့ တပ်ရင်း ၃၈၀၁၊ တပ်ခွဲ ၂၊ Phoenix DF အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
နတ်တလင်းမြို့နယ်၊ ပဲခူးရိုးမတောင်ခြေက သရက်စမ်းကုန်းရွာမှာ အင်အား ၄၀ ဦးခန့်နဲ့ စခန်းချနေတဲ့ စစ်ကောင်စီစခန်းကို မတ် ၃၁ ရက် မနေ့ မနက် ၉ နာရီခွဲလောက်က မီတာ ၃၀၀ (ပေ ၁၀၀၀)လောက်ကနေ စနိုက်ပါနဲ့ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
“အပစ်ခံရတဲ့ **က အော်ပြီး လဲကျသွားတယ်။ ကျန်တဲ့ စစ်သားတွေက အလောင်းကို ငှက်ပျောတောထဲ ဆွဲသွားတာ မြင်နေရတယ် “ လို့ Phoenix DF ရဲ့ ပြန်ကြားရေး ရဲဘော်ဂျူပီတာက ပြောပါတယ်။
စနိုက်ပါနဲ့ ပစ်ခတ်မှုမတိုင်မီ အဲဒီနေ့ မနက် ၉ နာရီဝန်းကျင်လောက်မှာလည်း သရက်စမ်းကုန်းရွာရှိ စစ်ကောင်စီ စခန်းကို ၄၀ မမတွေနဲ့ Phoenix DF နဲ့ တပ်ခွဲ ၄ Bamar Revolution Army (BRA) တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဧပြီ ၁ ရက် ဒီနေ့ မွန်းလွဲပိုင်းမှာ သရက်စမ်းကုန်းဝန်းကျင်မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ စစ်ရေးတင်းမာနေတယ်လို့ ဆိုပါတယ်။
မတ် ၃၀ ရက် မနက် ၁၀ နာရီခွဲလောက်ကတော့ နတ်တလင်းမြို့နယ် တောင်ညိုရဲစခန်းကထွက်လာတဲ့ အင်အား ၄၀ ဦးခန့်ပါ စစ်ကောင်စီ စစ်ကြောင်းကို တိုက်ခိုက်ဖို့ ကွင်းစမ်းရွာထိပ် ကျွန်းခင်းက စောင့်နေတဲ့ Phoenix DF နဲ့ တပ်ခွဲ ၄ Bamar Revolution Army (BRA) ပူးပေါင်းအဖွဲ့ကို စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးသီး ၂ လုံး ကြဲချခဲ့တဲ့ အပြင် လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့လို့ အဲဒီည ၉ နာရီခွဲလောက်မှာ သရက်စမ်းကုန်းရွာစခန်းကို ပူးပေါင်းအဖွဲ့က ၄၀ မမ၊ ၆၀ မမတွေနဲ့ ပြန်လည် ပစ်ခတ်ခဲ့ပါသေးတယ်။
ပုံစာ - Phoenix DF ရဲဘော်များ။ (ပုံဟောင်း)
စာတည်း- လင်းဇေ
#မြေလတ်အသံ
#ပဲခူးတိုင်း #နတ်တလင်းမြို့နယ် #စစ်ကောင်စီ #ဒေသကာကွယ်ရေးတပ် #စစ်ပွဲ
Share Share Share