နတ်တလင်းမှာ စစ်မှုထမ်းစာရင်းပါသူတွေထွက်ပြေးလို့ ဇနီးတွေကို စစ်တပ်ကဖမ်းဆီးသွား

နတ်တလင်းမှာ စစ်မှုထမ်းစာရင်းပါသူတွေထွက်ပြေးလို့ ဇနီးတွေကို စစ်တပ်ကဖမ်းဆီးသွား

ပဲခူးတိုင်းအနောက်ခြမ်း၊ နတ်တလင်းမြို့နယ်မှာ စစ်ကောင်စီက စစ်မှုထမ်းဖို့လာခေါ်ချိန် ထွက်ပြေးသူနှစ်ဦးရဲ့ ဇနီးသည်တွေကို စစ်​ကောင်စီကဖမ်းသွားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

ဖမ်းဆီးခံရသူတွေမှာ နတ်တလင်းမြို့နယ်၊ တာပွန်မြို့အလယ်ပိုင်းက  အမျိုးသမီးနှစ်ဦးဖြစ်ပြီး ဧပြီ ၁၉ ရက်မှာ စစ်အုပ်စုဝင်တွေက နေအိမ်ကနေဖမ်းဆီးသွားတာလို့ ဆိုပါတယ်။

“စစ်မှုထမ်းဖို့ လာခေါ်ချိန်မှာ ကောင်လေးနှစ်ယောက် ထွက်ပြေးသွားလို့ သူတို့ရဲ့မိန်းမတွေကို ဖမ်းသွားတာ။ ထွက်ပြေးတဲ့ ကောင်လေးတွေက  လူချင်းလာလဲမှ ပြန်လွှတ်မယ်ဆိုပြီး ပြောသွားတာ။ ဘယ်မှာ ချုပ်ထားတယ်တော့ မသိရဘူး။ တာပွန်မှာ စစ်မှုထမ်း ၃၂  ဦး ခေါ်မယ်လို့ လည်း သတင်းရတယ်” လို့  ဒေသခံတဦးက ပြောပါတယ်။

စစ်မှုထမ်းဖို့ ခေါ်ယူခံရသူတွေဟာ အခြေခံလူတန်းစား အများစုဖြစ်ပြီး ဆေးရုံတက်နေရတဲ့ မိခင်တဦးရဲ့ သားအပြင် မီးဖွားကာနီး အမျိုးသမီးတဦးရဲ့ အမျိုးသားကိုပါ စစ်မှုထမ်းဖို့ ခေါ်သွားတာလို့ သူက ဆက်ပြောပါတယ်။

တာပွန်မြို့မှာ စစ်မှုထမ်းဖို့  ခေါ်ဆောင်ခံရလို့  ထွက်ပြေးသူ ၂ ဦးအပါ ၈ ဦးရှိပြီး ခေါ်ဆောင်ခံရတဲ့ ၆ ဦးကိုတော့ အင်းမစစ်တပ်ထဲကို ခေါ်သွားတယ်လို့ ဆိုပါတယ်။

အဲဒီ ၆ ဦးထဲက  စိန်တန်းရပ်ကွက်က ကိုအာဝါးကို အုပ်ချုပ်ရေးမှူးက ပွဲစားလုပ်ကာ  ငွေကျပ် သိန်း ၂၀ နဲ့ ငှားရမ်းတာကြောင့် လိုက်ပါသွားသူဖြစ်တယ်လို့ ပြောပါတယ်။

အခုခေါ်ယူခံရသူတွေဟာ မြို့နယ်စစ်ကောင်စီက ချမှတ်ပေးတဲ့ စာရင်းသာဖြစ်တယ်ဆိုကာ အုပ်ချုပ်ရေးမှူးတွေက သတင်းလွှင့်နေတယ်လို့လည်း ပြောပါတယ်။

စစ်ကောင်စီက စစ်မှုထမ်းတွေကို နေအိမ်အထိ ခေါ်ယူနေတဲ့ အတွက် တာပွန်မြို့က လူငယ်အချို့ တိမ်းရှောင်နေကြတယ်လို့လည်း ဒေသခံတွေဆီက သိရပါတယ်။

အလားတူ နတ်တလင်းမြို့နဲ့ နယ်မြေထိစပ်တဲ့ ပေါင်းတည်မြို့နယ်မှာလည်း ဧပြီ ၁၉ ရက် မွန်းတည့်ချိန်လောက်ကစကာ ညအချိန်ထိ စစ်အုပ်စုက စစ်မှုထမ်းရန် အဓမ္မဖမ်းဆီးခံရသူ ၅၀ ဦး ဝန်းကျင်ခန့်ရှိတယ်လို့ သိရပါတယ်။

ပုံစာ - ပြည်မြို့မှ စစ်ကောင်စီတပ်သားများ (ပုံဟောင်း)

စာတည်း - လင်းဇေ

#မြေလတ်အသံ

#ပဲခူး #နတ်တလင်း #စစ်မှုထမ်း #အင်းမ #အမျိုးသမီး #ဖမ်းဆီး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10