နွေဦးတော်လှန်ရေးကာလ အညာက ‘ပွဲ’ (ရုပ်သံဆောင်းပါး)

အညာဒေသမှာ ရာသီအလိုက်ပွဲတော်တွေ ပျောက်ဆုံးလုနီးပါးဖြစ်သွားခဲ့တာဟာ ၂၀၂၁ စစ်တပ်က အာဏာသိမ်းလိုက်ကတည်းကပါ။ အာဏာသိမ်းပြီးနောက် သေနတ်သံတွေ တဒိုင်းဒိုင်းက အညာရဲ့ ပျော်စရာရွှင်စရာ အစဉ်အလာပွဲတော်တွေကို ဖယ်ရှားပြီး ထိတ်လန့်စရာပွဲ၊ တိုက်ပွဲတွေအဖြစ် အစားထိုးဝင်ရောက်လာပါတယ်။ 

နွေဦးတော်လှန်ရေး ၂ နှစ် မပြည့်ခင်မှာပဲ မြို့ကြီးပြကြီးနဲ့ တချို့သောနယ်မြို့တွေမှာ ရာသီအလိုက်ပွဲတော်တွေ၊ စစ်ကောင်စီအလိုကျ ဖျော်ဖြေပွဲတွေနဲ့ ပေါ်ပင်ပွဲတွေမှာ လူတွေက ပျော်ကြပါးကြ၊ လူမှုကွန်ရက်ပေါ် အပြိုင်အဆိုင်တင်ထားကြတာတွေကို မြင်ရကြည့်ရတဲ့ အညာဒေသကလူတွေအတွက် ကမ္ဘာခြားနေသလား ထင်မှတ်စရာပါ။

ဒါပေမဲ့ နွေဦးတော်လှန်ရေး ၃ နှစ်နီးပါးကြာလာချိန်မှာတော့ ထိတ်လန့်စရာ တိုက်ပွဲတွေကြားမှာပဲ သောကတွေဝေနေခဲ့ရတဲ့ အညာဒေသကလူတွေအတွက် အစဉ်အလာမဟုတ်တဲ့ ပျော်စရာပွဲတမျိုး ပေါ်ထွက်လာပါတယ်။

တည်းဖြတ် - ဟယ်ရီ

#မြေလတ်အသံ

#ဆောင်းပါး #ရုပ်သံဆောင်းပါး #အညာ #တော်လှန်ရေး #အာဏာသိမ်း #ပျော်ပွဲရွှင်ပွဲ #နွေဦးတော်လှန်ရေး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10