သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကမ္မနယ်မြေရဲစခန်းရှေ့က လုံခြုံရေးတပ်ဖွဲ့တွေကို ဇူလိုင် ၁၃ ရက် မနေ့ကတိုက်ခိုက်ခဲ့ရာ ရဲတဦးသေဆုံးခဲ့တယ်လို့ People Defense Force - kammaရဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံဆီက သိရပါတယ်။
ကမ္မနယ်မြေ ရဲစခန်းရှေ့ဘန်ကာထဲက လုံခြုံရေးတာဝန်ယူနေတဲ့ ရဲတပ်ဖွဲ့ဝင်တဦးကို မနေ့နေ့လယ်၂ နာရီဝန်းကျင်က တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
"ရဲစခန်းရှေ့မှာ ဘန်ကာ ၄ ခုရှိတာ၊ ဘန်ကာတခုကို ရဲတယောက်ဆီ အသင့်စောင့်နေတာကို ဒုတိယမြောက် ဘန်ကာထဲကရဲကို အလစ်အငိုက်ပစ်ခတ်ခဲ့တာပါ။ ပွဲချင်းပြီးသေသွားတယ်။"လို့ သတင်းနဲ့ ပြန်ကြာရေးတာဝန်ခံ ရဲဘော်ဒိုင်းနမိုက်က ပြောပါတယ်။
တိုက်ခိုက်နေတုန်းမှာ အခြားဘန်ကာထဲက ရဲတွေကလည်း ပြန်ပစ်တာတွေရှိပေမယ့်တိုက်ခိုက်ရေးရဲဘော်တွေ ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုမှာ People`s Defense Force - Kamma တပ်ဖွဲ့ နဲ့ Pauk Generations Star တပ်ဖွဲ့တို့ ပူးပေါင်းခဲ့တာလို့ သိရပါတယ်။
ဇူလိုင်လ ၅ ရက် မနက်ကလည်း People Defence Force - Kamma တပ်ဖွဲ့ဟာ ကမ္မမြို့ရဲစခန်းထဲက ထွက်လာတဲ့ ရဲတပ်သားတဦးကို စခန်းနဲ့ မီတာ ၁၀၀ ကျော်အကွာမှာပဲ သေနတ်နဲ့ ပစ်ခတ်ရှင်းလင်းခဲ့တဲ့အပြင် အဲဒီရဲဆီက G3 တလက်၊ ကျည်ဘောက်တခု၊ ကျည် ၁၂ တောင့်နဲ့ ဖုန်းတလုံးတို့ သိမ်းဆည်းနိုင်ခဲ့ပါသေးတယ်။
ပုံစာ - ကမ္မနယ်မြေ ရဲစခန်းရှေ့က ရဲတွေကို ပစ်ခတ်နေကြစဥ်။
စာတည်း- ဇို
#မြေလတ်အသံ
#မကွေး #ပခုက္ကူ #ကမ္မနယ်မြေရဲစခန်း #ရဲတပ်သား #ပစ်ခံရ #သေဆုံး
Share Share Share