သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်မှာ ယာဉ်တိုက်မှုဖြစ်ရာ အမျိုးသမီး ၁ ဦးသေဆုံးပြီး ဝင်တိုက်တဲ့ကားပါမှောက်လို့ ဒဏ်ရာရရှိသူတွေရှိတယ်လို့ ဒေသခံတဦးဆီက သိရပါတယ်။
ပန်းတောင်းမြို့နယ်၊ ပန်းတောင်း-ကံမလမ်းရှိ ရွာသစ်ကုန်းရွာအနီးမှာ နိုဝင်ဘာ ၁၆ ရက် မနေ့ညနေ ၅ နာရီခွဲကျော်လောက်က လမ်းရဲ့ညာဘက်မှာ လမ်းလျှောက်နေတဲ့ အမျိုးသမီး ၂ ဦးကို ကံမမြို့ဘက်ကမောင်းလာတဲ့ ၆ ဘီးကားက နောက်ကဝင်တိုက်ပြီး တိမ်းမှောက်ခဲ့တာလို့ ပြောပါတယ်။
ယာဉ်တိုက်မှုကြောင့် လမ်းလျှောက်နေတဲ့ ပန်းတောင်းမြို့နယ်၊ ရွာသစ်ကုန်းရွာက အသက် ၆၅ နှစ်အရွယ် ဒေါ်ကျင်လှိုင်ဟာ နေရာတင်သေဆုံးပြီး ၎င်းရဲ့ ညီမဖြစ်သူ တရွာတည်းနေတဲ့ အသက် ၆၀ နှစ်အရွယ် ဒေါ်မိခိုင် ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
ယာဥ်တိမ်းမှောက်တဲ့အတွက်လည်း ယာဉ်မောင်းကိုအေးချမ်းမောင်နဲ့ ယာဥ်နောက်လိုက်အငယ်လေး တို့ ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့တယ်လို့ ဆိုပါတယ်။
“သေဆုံးတဲ့အမျိုးသမီးက ရင်ဘတ်ပွင့်ပြီး တခါတည်းသေသွားတာ။ သူညီမကတော့ ဒူးမှာဒဏ်ရာရတယ်။ မစိုးရိမ်ရဘူး။ မှောက်တဲ့ကားကတော့ ရှေ့ခေါင်းခြမ်းကြေပြီး သိန်း ၂၀ ဖိုးလောက် ပျက်သွားတယ်။” လို့ ဒေသခံတဦးကပြောပါတယ်။
ယာဉ်တိုက်မှုဖြစ်တဲ့ယာဉ်မောင်းကို ပန်းတောင်းမြို့မရဲစခန်းက ပုဒ်မ ၃၀၄၊ ပုဒ်မ ၃၃၇၊ ပုဒ်မ ၃၃၈ တို့နဲ့ အမှုဖွင့်ထားတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့အောက်တိုဘာ ၂၈ ရက် ည ၇ နာရီလောက်ကလည်း ပန်းတောင်းမြို့နယ်၊ ဥသျစ်ပင်အုပ်စု၊ ပြည် - တောင်ကုတ်လမ်း၊ ဓမ္မထေရီတောရသီလရှင်ကျောင်းရှေ့မှာ တောင်ကုတ်ဘက်ကနေ ပြည်မြို့ဘက်ကို မောင်းလာတဲ့ဆိုင်ကယ်နဲ့ ပြည်ဘက်ကနေ တောင်ကုတ်ဘက်ကို မောင်းလာတဲ့ဆိုင်ကယ်တို့ မျက်နာချင်းဆိုင်တိုက်မှုဖြစ်ရာက နှစ်ဘက်ထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။
စာတည်း - လင်း
#မြေလတ်အသံ
#ပဲခူး #ပန်းတောင်း #ယာဉ်တိုက်မှု #သေဆုံး
Share Share Share