ပန်းတောင်းမှာ ရေတက်နေတဲ့ချောင်းကို အရက်မူးပြီးဖြတ်ကူးတဲ့အမျိုးသား ရေနစ်သေဆုံး

ပန်းတောင်းမှာ ရေတက်နေတဲ့ချောင်းကို အရက်မူးပြီးဖြတ်ကူးတဲ့အမျိုးသား ရေနစ်သေဆုံး

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်မှာ အရက်မူးပြီး ချောင်းကိုဖြတ်ကူးရာက ရေနစ်သေတဲ့ အမျိုးသားအလောင်း ဇူလိုင် ၁၄ ရက် မနေ့ ညနေ ၆ နာရီခွဲလောက်မှာ ပြန်တွေ့ခဲ့တယ်လို့  ဒေသခံတဦးဆီက သိရပါတယ်။

သေဆုံးသူဟာ ထုံးဘိုနယ်မြေရဲစခန်းအပိုင် ဖရုံကာအုပ်စု၊ ကျောက်စကွဲရွာက အသက် ၅၂ နှစ်အရွယ် ကိုမြင့်ဌေးဖြစ်ပြီး ဇူလိုင် ၁၃ ရက် ညနေပိုင်းမှာ အရက်မူးပြီးနေအိမ်ကထွက်သွားရာက သူရဲတန်းချောင်းကိုဖြတ်အကူး ရေနစ်သေဆုံးခဲ့တာဖြစ်ကာ သူ့ရဲ့ရုပ်အလောင်းကို ၎င်းရွာအနီးက သူရဲတန်းချောင်းအစပ်မှာ ပြန်တွေ့ခဲ့တာလို့ ဆိုပါတယ်။

“ ချောင်းက ရေစီးသန်နေတော့ မျောပါသွားပြီး သူ ရေစကူးတယ်လို့ ယူဆရတဲ့နေရာနဲ့ ဓါတ်တိုင် ၄ ခန်း အကွာလောက်မှာ ပြန်တွေ့တာ။ ချောင်းကလည်း လူတရပ်လောက်နက်ပြီး ဓါတ်တိုင်ခန်းဝက်ကျော် ကျယ်တာ” လို့  ပန်းတောင်းနယ်ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

ရုပ်အလောင်းကို ပန်းတောင်းမြို့နယ်၊ ထုံးဘိုတိုက်နယ်ဆေးရုံရင်ခွဲရုံကိုပို့ထားပြီး နယ်မြေခံ ထုံးဘိုနယ်မြေရဲစခန်းက သေမှုသေခင်းဖွင့်ကာ စစ်ဆေးနေတယ်လို့  ဆိုပါတယ်။

ပန်းတောင်းမြို့နယ်ဟာ ဧရာဝတီမြစ်အနောက်ခြမ်း မြစ်ကမ်းဘေးမှာတည်ရှိကာ  ဇူလိုင် ၁၂ ရက် မနက်ကစတင်ပြီး မြစ်ရေဝင်ရောက်နေတာဖြစ်လို့ ဒေသတွင်းက ချောင်းတွေမှာရေမြင့်တက်နေကာ မြို့ပေါ် ဌာနဆိုင်ရာရုံးတွေအပါအဝင် နေရာအများအပြားမှာ ရေကြီးရေလျှံမှုတွေဖြစ်ပေါ်နေတာလည်း ဖြစ်ပါတယ်။

ပုံစာ - ရေကြီးရေလျှံမှုဖြစ်ပေါ်နေသည့် ပန်းတောင်းမြို့နယ်၊ ထုံးဘိုမြို့။

စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#ပန်းတောင်း #သူရဲတန်းချောင်း #ရေနစ်သေဆုံး #သေမှုသေခင်း #သတင်းတို #ရေကြီးရေလျှံမှု

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10