သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါက်ခေါင်းမြို့က ဆန်စက်နဲ့ ဆန်အရောင်းဆိုင်အချို့ကို စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေနဲ့ အဖွဲ့ဝင်တွေက စောင့်ကြည့်နေပြီး ဆန်ဝယ်ယူသူတွေရဲ့ဖုန်းနံပါတ်တွေကိုလည်း တောင်းတာတွေလုပ်နေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးတွေနဲ့ ရဲသတင်းပေး (ဒလန်) ဆိုသူတွေက အခု ဇူလိုင်လလယ်လောက်ကစပြီး တောင်းခံ စောင့်ကြည့်နေတာလို့ ဆိုပါတယ်။
"ဆန်ကို အိတ်လိုက်များများဝယ်တဲ့သူတွေရဲ့ ဖုန်းနံပါတ်တွေကိုတောင်းတာ၊ အမြဲတစေဝယ်နေတဲ့ ဖောက်သည်တွေလည်း ပါတယ်။ မကြာခဏလည်း အုပ်ချုပ်ရေးမှူးနဲ့ဒလန်တွေရဲ့စောင့်ကြည့်တာကို ခံနေရတယ်"လို့ မြို့ခံတဦးကပြောပါတယ်။
ဆန်ရောင်းချသူ၊ ဆန်စက်ဆန်ဆိုင်တွေရဲ့ ဆန်ရောင်းဘောက်ချာကို PDF တွေရဲ့ဆီမှာတွေ့ရှိပါကလည်း ဆိုင်ကိုချိတ်ပိတ်သိမ်းဆည်းမယ့်အပြင် တရားစွဲတာလည်းပြုလုပ်မယ်ဆိုပြီး စစ်ကောင်စီက ဆန်စက်ပိုင်ရှင်နဲ့ ဆန်ဆိုင်ပိုင်ရှင်တွေကို ခေါ်ယူသတိပေးထားတာတွေ ရှိတယ်လို့ ဆိုပါတယ်။
နောက်ထပ်မြို့ခံတဦးကတော့ စစ်ကောင်စီတပ်ဟာ ပဲခူးရိုးမဘက်ကို ရည်ရွယ်ချက်ရှိရှိနဲ့ ရိက္ခာဖြတ်တာဖြစ်ပြီး အဓိကအားဖြင့် PDF တွေဆီကို ရိက္ခာမရောက်အောင် ဦးတည်တာလို့ အထက်ပါဒေသခံက ခန့်မှန်းပါတယ်။
ဒါ့အပြင် ပေါက်ခေါင်းမြို့ကနေ ပဲခူးရိုးမအစပ်က ကျေးရွာတွေကို ဆန်သယ်ယူရာမှာလည်း ကားတစီးကိုဆန် ၃ အိတ်သာ တင်ခွင့်ပြုတယ်လို့ သိရပါတယ်။
အခုလို ဆန်ဝယ်ယူသူတွေရဲ့ဖုန်းနံပါတ်တွေတောင်းယူတာ စောင့်ကြည့်တာတွေနဲ့ ဝယ်ယူခွင့်ကန့်သတ်တာတွေကြောင့် ပေါင်းခေါင်းမြို့နဲ့ နယ်မြေထိစပ်တဲ့ ပေါင်းတည်မြို့နယ်၊ တောင်ပေါ်ဒေသ ကျေးရွာတွေမှာပါ စားသောက်ကုန်အခက်အခဲတွေ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။
"အခုတော့ ရှိတာကိုမျှဝေ စားသောက်ကြတာပေါ့။ ကြာလာရင်တော့မလွယ်ဘူး စာရေးသောက်ရေး ပြဿနာတက်မယ်"လို့ ပေါင်းတည်ဒေသခံတဦးက ပြောပါတယ်။
ပဲခူးရိုးမအစပ်ဒေသတွေမှာ စစ်ကောင်စီကတပ်စွဲ စစ်ကြောင်းထိုးနေသလို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့လည်း မကြာခဏဆိုသလို ထိတွေ့ပစ်ခတ်မှုတွေ ဖြစ်ပွားနေတာလည်း ဖြစ်ပါတယ်။
စာတည်း - လင်း
#မြေခတ်အသံ
#ပဲခူး #ပေါက်ခေါင်း #စစ်ကောင်စီ #ဆန် #စောင့်ကြည့်
Share Share Share