သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ဒီးဒုတ်ကွင်းရွာအနီး စစ်ရှောင်စခန်းက ပြည်သူတချို့ကို စစ်ကောင်စီလက်အောက်ခံတပ်တွေက ဖမ်းဆီးသွားပြီး ၃ ရက်အကြာမှာ အလောင်း ၃ လောင်းပြန်တွေ့ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အောက်တိုဘာ ၂၈ ရက် မနက် ၅ နာရီခန့်က ရဲ၊ စစ်သားနဲ့ ပျုစောထီးပူးပေါင်းအင်အား ၆၀ ဝန်းကျင်က စစ်ရှောင်စခန်းရှိရာကို စစ်ကြောင်းထိုးလာခဲ့ပြီးနောက် စစ်ရှောင်စခန်းမှာ ဆေးကုသစောင့်ရှောက်မှုပေးနေတဲ့ ဆေးဆရာမ ၁ ဦး၊ ဘုန်းကြီး ၁ ပါး အပါအဝင် ပြည်သူ ၁၈ ဦးကို ဒီးဒုတ်ကွင်းရွာဆီ ဖမ်းဆီးခေါ်ဆောင်ကာ အဲ့ဒီထဲက ၃ ဦးကို သတ်ဖြတ်ခဲ့တာလို့ ဆိုပါတယ်။
“ ကျနော်တို့ (နယ်မြေရှင်းလင်းချိန်) ဒီမှာတွေ့တော့ကျ အဝတ်ဗလာနဲ့ တွေ့ရှိတယ်။ သံဃာတော်ကိုတော့လူဝတ်လဲပြီး သတ်ဖြတ်သွားတာ။”လို့ ပေါက်ပကဖအဖွဲ့ဝင် ရဲဘော်တဦးက ပြောပါတယ်။
ဖမ်းဆီးခံရသူတွေထဲက ဆေးဆရာမ ဒေါ်သီတာထွေး၊ စေတနာ့ဝန်ထမ်းကျောင်းဆရာ ကိုငြိမ်းချမ်းအောင်နဲ့ သံဃာ ၁ ပါး စုစုပေါင်း ၃ ဦးကို ဒီးဒုတ်ကွင်းရွာ တောင်ဘက်ခေါ် ဆောင်သွားပြီးနောက်ပစ်သတ်ခဲ့ကာ နိုဝင်ဘာ ၁ ရက် နယ်မြေရှင်းလင်းရေးလုပ်ချိန်မှာ အဝတ်ဗလာနဲ့ သေဆုံးနေတဲ့ ပြည်သူ ၂ ဦး အလောင်းနဲ့ ဘုန်းကြီး ၁ ပါးအလောင်းကို တွေရှိခဲ့ရတာလို့ သိရပါတယ်။
အဆိုပါ ပြည်သူ ၂ ဦးကို သတ်ဖြတ်ဖို့ ခေါ်ဆောင်သွားချိန်ထဲက အဝတ်ဗလာနဲ့ ခေါ်သွားတာဖြစ်တယ်လို့သိရပြီး ကျန်ပြည်သူ ၁၅ ဦးကတော့ ဒီးဒုတ်ကွင်း ပျူစောထီးရွာထဲမှာပဲ လက်ပြန်ကြိုးတုပ်လျက်နဲ့ ဖမ်းဆီးခံထားရဆဲလို့ သိရပါတယ်။
အဆိုပါစစ်ကောင်စီစစ်ကြောင်းဟာ အောက်တိုဘာ ၂၈ ရက် စစ်ရှောင်ပြည်သူတွေကိုဖမ်းဆီးပြီးပြန်ထွက်ချိန်မှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ကြားဖြတ်တိုက်ခိုက်တာကိုခံခဲ့ပြီး ၁၀ ဦးသေဆုံးကာ ၊ သေနတ် ၄လက်နဲ့ ခဲယမ်းတွေသိမ်းဆည်းနိုင်ခဲ့သလို ပခုက္ကူခရိုင်တပ်ရင်း ၁၂ က ရဲဘော် ၁ ဦးနဲ့ ပေါက် ပကဖ ရဲဘော် ၁ ဦး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။
စာတည်း - ဟိန်းစံ
#မြေလတ်အသံ
#ပေါက် #မကွေး #စစ်ရှောင် #စစ်တပ် #သတ်ဖြတ်
Share Share Share