သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်အကျဉ်းထောင်ကနေ လွတ်ရက်စေ့ကာနီး နိုင်ငံရေးအကျဉ်သား ၅ ဦး ဩဂုတ် ၁ ရက် ဒီနေ့မှာ ပြန်လည်လွတ်မြောက်လာတယ်လို့ သိရပါတယ်။
လွတ်မြောက်လာသူတွေဟာ စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ နွေဦးတော်လှန်ရေးမှာပါဝင်ခဲ့ကြတဲ့ ပေါင်းတည်မြို့နယ်အရှေ့ဘက် မဲခေါင်းကျေးရွာက ကိုချစ်မွှေး၊ ကိုသက်ဇော်ဦး၊ ကိုဝေယံဦး၊ ကိုရန်နောင်ဦးနဲ့ ကိုချစ်ဦးမောင်တို့ ဖြစ်တယ်လို့ ဆိုပါတယ်။
''အခုပြန်လွတ်လာတဲ့ကလေးတွေက လွတ်ရက်စေ့ဖို့ ၃ လခွဲပဲလိုတော့တာမို့ ပြန်လွတ်လာတာပါ။ တကယ်လွှတ်ချင်တဲ့ စေတနာပါရင် နွေဦးတော်လှန်ရေးကြောင့် ဖမ်းဆီးခံရသူတွေအားလုံးဟာ ပြန်လွှတ်ရမယ့်သူတွေပါ” လို့ ပေါင်းတည်မြို့က အကျဉ်းထောင်နဲ့နီးစပ်သူတဦးက ပြောပါတယ်။
သူတို့တွေဟာ ပုဒ်မ ၅၀၅ နဲ့ ၃ နှစ်၊ အခြားပုဒ်မတခုနဲ့ ၉ လစုစုပေါင်း ၃ နှစ်နဲ့ ၉ လ ထောင်ချခံရသူတွေ ဖြစ်တယ်လို့သူက ဆက်ပြောပါတယ်၊၊
လက်ရှိပေါင်းတည်အကျဉ်းထောင်ထဲမှာ NLD အစိုးရလက်ထက် ပဲခူးတိုင်းလူဝန်မှုကြီးကြပ်ရေးနဲ့ လူ့စွမ်းအား အရင်းအမြစ် ဝန်ကြီးဟောင်း ဦးထွန်းထွန်းဦး၊ NLD အစိုးရလက်ထက် ကြို့ပင်ကောက်မြို့နယ် ပြည်သူ့လွတ်တော် အမတ်ဟောင်း ဦးဌေးမင်းသိန်းတို့အပါ နွေဦးတော်လှန်ရေးနဲ့ ဆက်နွယ်ပြီး ဖမ်းဆီးချုပ်နှောင် ထောင်ချခံရသူ အကျဉ်းသူ၊ အကျဉ်းသား ၁၂၀ ဝန်းကျင် ကျန်ရှိနေသေးတယ်လို့ သိရပါတယ်။
ပုံစာ - ပေါင်းတည်အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာမှုမြင်ကွင်း။ (ပုံဟောင်း)
စာတည်း - လင်းဇေ
#မြေလတ်အသံ
#သတင်း #ပဲခူး #ပေါင်းတည် #လွတ်ရက်စေ့ကာနီး #နိုင်ငံရေးကျဉ်းသား #အကျဉ်းထောင် #မဲခေါင်းကျေးရွာ
Share Share Share