သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပဲခူးတိုင်းအနောက်ခြမ်း ပေါင်းတည်မြို့နယ်မှာ စစ်ကောင်စီစစ်ကြောင်းနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့ရာမှာ နှစ်ဖက်ထိခိုက်မှုတွေရှိခဲ့တယ်လို့ ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၃၆၀၁ PPDFတပ်ရင်း က တာဝန်ရှိသူဆီက သိရပါတယ်။
ပေါင်းတည်မြို့နယ် ရုပ်ဆိုင်ရွာကနေ အင်အား ၄၈ ဦးနဲ့ ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ဧပြီ ၁၄ ရက် မနက် ၈ နာရီလောက်က ထန်းကုန်းရွာအနီးကနေ မိုင်းဆွဲတိုက်ခိုက်လို့ ကစဉ့်ကလျားဖြစ်နေချိန် ပူးပေါင်းအဖွဲ့ တွေက လက်နက်ငယ်တွေနဲ့ ထပ်မံတိုက်ခိုက်ရာမှာ နှစ်ဖက် ထိခိုက်ခဲ့တာလို့ ဆိုပါတယ်။
“စစ်ကြောင်းက ပြန်ပစ်လို့ ကျနော်တို့ ဘက်က ရဲဘော် ၂ ဦးက လက်နဲ့ ပေါင်မှာ သေနတ်ကျည်ထိပြီး မစိုးရိမ်ရ တဲ့ ဒဏ်ရာရရှိခဲ့ပါတယ်" လို့ ၃၆၀၁ PPDF တပ်ရင်းက သတင်း ပြန်ကြားရေးနဲ့ ဆက်သွယ်ရေးတာဝန်ခံက ပြောပါတယ်။
ကစဉ့်ကလျား ဆုတ်သွားတဲ့ စစ်ကြောင်းကို ပူးပေါင်းအဖွဲ့တွေက လက်နက်ငယ်တွေနဲ့ ထပ်မံပစ်ခတ်ချိန် စစ်ကောင်စီ စစ်သား ၃ ဦး သေဆုံးတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဲဒီတိုက်ခိုက်မှုတွေမှာ ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်း ၃၆၀၁ နဲ့ ၃၆၀၂ တပ်ခွဲ ၁ နဲ့ တပ်ခွဲ ၄ တပ်ဖွဲ့ဝင်တွေက ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၁၂ ရက် ညကလည်း ပေါက်ခေါင်းမြို့နယ် တောင်ရွာနဲ့ ပါးပြင်ရွာကြားဇရပ်မှာ ကင်းပုန်းဝပ်နေတဲ့ စစ်သားတွေကိုလည်း ပေါင်းတည်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ ပေါက်ခေါင်း ပကဖ တို့က တိုက်ခိုက်ခဲ့ကြပါ သေးတယ်။
ပုံစာ - ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ(ပုံဟောင်း)။
စာတည်း-လင်းဇေ
#မြေလတ်အသံ
#ပဲခူးတိုင်း #ပေါင်းတည်မြို့နယ် #စစ်ကောင်စီ #စစ်ကြောင်း #ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ #PPDF
Share Share Share