ပေါင်းတည်မှာ ဝါယာရှော့ခ်ကနေမီးလောင်လို့ နေအိမ် ၇ လုံးနဲ့ ဂိုထောင် ၁ လုံးပျက်စီး

ပေါင်းတည်မှာ ဝါယာရှော့ခ်ကနေမီးလောင်လို့ နေအိမ် ၇ လုံးနဲ့ ဂိုထောင် ၁ လုံးပျက်စီး

ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်မြို့မှာ ဧပြီ ၂၈ ရက် ဒီညနေ ၃ နာရီက ဝါယာရှော့ခ်ကနေ မီးလောင်ပြီး နေအိမ် ၇ လုံးနဲ့ ဂိုထောင် ၁ လုံး ပျက်စီးခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ပေါင်းတည်မြို့၊ အုတ်ဖို ၂ ရပ်ကွက်၊ မှတ်တိုင်လမ်းက "ကိုဇော်ကြီး" အရက်မျိုးစုံဖြန့်ချီရေးဆိုင် ဂို‌ထောင်ကနေ မီးစတင်လောက်ကျွမ်းခဲ့တာလို့ ဆိုပါတယ်။ 

“အရက်ဆီ‌လှောင်တဲ့ ဂိုထောင်မှာမီးလာတုန်း မော်တာနဲ့ရေတင်တာကနေ ဝါယာ‌ရှော့ခ်ဖြစ် မီးလောင်တာ။ မီးက အရက်ဆီတွေကိုပါ ဆက်လောင်တာမှာ ထပေါက်ကုန်ပြီး ဂို‌ထောင်နဲ့ နောက်ဘက်ကအိမ်ငယ်တွေကိုပါ မီးကူးသွားတာ။ မိနစ် ၂၀ လောက်နဲ့  ငြှိမ်းနိုင်လို့တော်သွားတာ”လို့  မြို့ခံတဦးက ပြောပါတယ်။

အခြားမြို့ခံတဦးကလည်း မီးလောင်နေတဲ့မီးတောက်နဲ့ မီးခိုးတွေကို  ၄ ဖာလုံလောက် အကွာကနေ မြင်ခဲ့ရတယ်လို့ ပြောပါတယ်။

မီးလောင်မှုကို ပေါင်းတည်၊ နတ်တလင်းနဲ့ သဲကုန်းမြို့နယ်က မီးသတ်ကားတွေ လာ‌ရောက် ငြှိမ်းသတ်ခဲ့ရတယ်လို့ ဆိုပါတယ်။ 

လူနဲ့ တိရစ္ဆာန်ထိခိုက်သေဆုံးမှုမရှိခဲ့ဘဲ လက်ရှိမှာ နေအိမ်မီးလောင်ပျက်စီးသွားတဲ့ အိမ်ထောင်စု ၉ စုကို မြို့ခံတွေက ညနေစာကျွေးမွေးထားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။ 

ပြီးခဲ့တဲ့ မတ် ၂၄  မနက် ၁၁ နာရီခွဲလောက်ကလည်း ပေါင်းတည်မြို့နယ်၊ ဘိုးသာအောင်ကုန်းအုပ်စု၊  ညောင်ပင်ကုန်းရွာမှာ လူစောင့်မရှိဘဲ ရေနွေးအိုးတည်ရာက မီးလောင်ပြီး နေအိမ် ၂ လုံးပျက်စီးခဲ့ပါသေးတယ်။

ပုံစာ - မီးလောင်ကျွမ်းမှုကို ငြှိမ်းသတ်နေစဉ်။

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #ပေါင်းတည် #မီးလောင် #နေအိမ်ပျက်စီး #မီးဘေး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10