သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ရွှေဘိုရွာက စိတ်ကျန်းမာရေးမကောင်းတဲ့ အမျိုးသားတဦးကို ပျူစောထီး စစ်ကြောင်းက ခေါင်းဖြတ်သတ်သွားတယ်လို့ ဒေသခံရဲဘော်တွေဆီက သိရပါတယ်။
မေ ၃၀ ရက် မနေ့က မနက်အစောပိုင်းက ဂန့်ဂေါမြောက်ပိုင်းနဲ့ ကလေးတောင်ပိုင်းနယ်စပ်က ပျူစောထီးရွာ ၁၂ ရွာကနေ စုစုပေါင်း အင်အား ၃၀၀ ဝန်းကျင်နဲ့ ရွှေဘိုနဲ့ သင်တောကျေးရွာဘက်ကို စစ်ကြောင်းထိုးလာကာ မွန်းလွဲ ၂ နာရီခွဲမှာ ပြန်ဆုတ်ခွာသွားတယ်လို့ ဆိုပါတယ်။
စိတ်ကျန်းမာရေး မကောင်းတဲ့ ရွှေဘိုရွာသား အသက် ၃၅ နှစ်အရွယ် ကိုဇင်မျိုးဝင်းကို အဲ့ဒီစစ်ကြောင်းဝင် နေချိန်အတွင်းမှာ သတ်ဖြတ်သွားတာဖြစ်တယ်လို့ သိရပါတယ်။
“သူက စိတ်မနှံ့တော့ ရွာထဲမှာကျန်ခဲ့တာ၊ အဲ့ဒါကို ပျူစစ်ကြောင်းက တွေ့ပြီးတော့မှ ခေါင်းဖြတ်သတ်သွားတာ၊ ဗိုက်ပါခွဲထားတာ”လို့ ဂန့်ဂေါမြို့နယ် ပကဖ ရဲဘော်တဦးက ပြောပါတယ်။
နယ်မြေရှင်းလင်းရေးဝင်ချိန် ကိုဇင်မျိုးဝင်းရဲ့ အလောင်းကို ရွာထဲက မြေလွတ်တနေရာမှာ ခေါင်းတခြား ကိုယ်တခြားနဲ့ ပြန်တွေ့ခဲ့ပြီး ရင်ဘတ်မှာလည်း ထိုးသွင်းဒဏ်ရာတွေရှိနေကာ ဗိုက်ကိုခွဲပြီး အူထုတ်ထားတဲ့ အနေထားနဲ့ ပြန်တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။
ဂန့်ဂေါမြောက်ပိုင်းမှာ ဟံသာဝတီ၊ ကုက္ကား၊ မြောက်ခင်ရမ်း၊ ရွှေမြစ်သာ၊ လယ်ကြီးအရှေ့၊ လယ်ကြီးအနောက်၊ ဝင်ဝ စတဲ့ ပျူစောထီးရွာ ၇ ရွာရှိပြီး ကလေးတောင်ပိုင်းမှာတော့ ကြံသာ၊ မှန်တော၊ ကျောက်ဆည်၊ ကျောက်ပြုတ်၊ အင်းကျွန်း စတဲ့ ပျူစောထီးရွာ ၅ ရွာရှိကာ စုစုပေါင်း ၁၂ ရွာ နယ်မြေတဆက်တည်း တည်ရှိနေကြတာပါ။
ပြီးခဲ့တဲ့ မေ ၁၆ ရက်ကလည်း ရွှေဘိုရွာက အသက် ၈၀ကျော်အရွယ် ကျန်းမာရေးမကောင်းတဲ့ အဖိုးအို ၂ ဦးကို ပျူစောထီးစစ်ကြောင်းက သတ်ဖြတ်သွားခဲ့တယ်လို့ သိရပါတယ်။
စာတည်း - လင်းဇေ
#မြေလတ်အသံ
#မကွေးတိုင်း #ဂန့်ဂေါမြို့နယ် #ရွှေဘိုရွာ #စိတ်ကျန်းမာရေးမကောင်း #အမျိုးသား #ပျူစောထီး #ခေါင်းဖြတ်
Share Share Share