ပြည်သူ့အခြေပြုကျောင်းအတွက် CDM အထက်တန်းပြဆရာတွေ လိုအပ်နေ

ပြည်သူ့အခြေပြုကျောင်းအတွက် CDM အထက်တန်းပြဆရာတွေ လိုအပ်နေ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တနေရာမှာ ဖွင့်လှစ်ထားတဲ့ ပြည်သူ့အခြေပြုစာသင်ကျောင်းတွေမှာ အထက်တန်းပြ CDM ဆရာ၊ ဆရာမတွေ လိုအပ်နေတယ်လို့ ကျောင်းဆရာတွေဆီက သိရပါတယ်။

ကလေးမြို့နယ်မှာ ပြည်သူ့အခြေပြုကျောင်းတွေဖွင့်လှစ်နေတာ ၂ နှစ်ကျော်ရှိပြီး ကျောင်းသားအရေအတွက်များလာသလို အတန်းပညာမြင့်လာတာတွေကြောင့် ဆရာလိုအပ်ချက်တွေ ပိုများလာတာလို့ ဆိုပါတယ်။

“အထက်တန်းအဆင့် Grade 10,11,12 တွေမှာတော့ ဘာသာရပ်အလိုက် Specialized သမားတွေ လိုအပ်လာပြီ။ ဆရာလိုအပ်ချက်က ကျောင်းတိုင်းမတူကြဘူး။ သူတို့မှာ အထက်တန်းအတွက် CDM ၂ ယောက်ရယ် Volunteer လောက်ရယ်နဲ့ Run နေကြရတာ၊ CDM လာရင် Volunteer တွေက အလယ်တန်းကိုကူကြရမှာ။” လို့ လက်ရှိပညာသင်ကြားပေးနေတဲ့ CDM ကျောင်းဆရာတဦးက ပြောပါတယ်။  

အခုလက်ရှိ အထက်တန်းအဆင့် ကျောင်း ၂ ကျောင်းအတွက် သင်္ချာ၊ ရူပဗေဒ၊ ဘောဂဗေဒနဲ့ ဇီဝဗေဒ ပညာရပ်တွေ အဓိကသင်ကြားပေးနိုင်မယ့် နောက်ထပ် CDM အထက်တန်းပြ ဆရာတွေ လိုအပ်နေတာဖြစ်ပြီး စားသောက်ဖို့နဲ့ နေထိုင်ဖို့အတွက်တော့ ရပ်ရွာက စီစဉ်ဆောင်ရွက်ပေးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

စာသင်နှစ်အသစ်က မေ ၂ ရက်ဒီကနေ့မှာ စတင်နေပြီဖြစ်ကာ အခုချိန်ထိ အထက်တန်းပြ ဆရာ၊ ဆရာမတွေ မခေါ်ယူနိုင်သေးတဲ့အတွက် ရှိတဲ့ ဆရာ၊ ဆရာမ အင်အားနဲ့ပဲ အဆင်ပြေအောင် လုပ်နေရပြီး အခက်ခဲကြုံနေရတယ်လို့ သိရပါတယ်။

“အခြေအနေအရ CDM အများစုက တိုက်ခိုက်ရေးထဲ ဝင်သူဝင်၊ တချို့က မြို့ပေါ်မှာ ရှောင်ပြီး ကလေးအနည်းငယ် စာသင်ပေးရုံနဲ့ လစာကောင်းကောင်းရနေကြတော့ ဒီတောရွာဘက်တွေကို သိပ်မလာချင်ကြတော့ဘူး” လို့ CDM ကျောင်းဆရာတဦးက ပြောပါတယ်။ 

မူလတန်းနဲ့ အလယ်တန်းအတွက်က ဆရာ၊ဆရာမ အနည်းငယ်နဲ့ လည်ပတ်လို့ရပေမယ့် အထက်တန်း အဆင့်အတွက်ကတော့ မြေပြင်မှာသင်ကြားပေးနိုင်မယ့် ဆရာ၊ ဆရာမ အင်အား များများ လိုအပ်နေတာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် စာသင်ကျောင်းတွေမှာ ပန်းချီ၊ ဂီတနဲ့ အားကစားပညာရပ်တွေလည်း ထည့်သွင်းဖို့ ကြိုးစားနေတဲ့အတွက် သက်ဆိုင်ရာ ပညာရပ်ကျွမ်းကျင်သူတွေလည်း လိုအပ်နေတယ်လို့ ဆိုပါတယ်။ 

အဆိုပါ ကျောင်းတွေဟာ မြို့နယ်ပညာရေးဘုတ်အဖွဲ့နဲ့ ချိတ်ဆက်ထားကြပေမယ့် ကျောင်းအရေအတွက်နဲ့ ပညာသင်ကြားတဲ့ ကျောင်းသားဦးရေ များပြားတာကြောင့် ထောက်ပံ့ကြေးကတော့ လစဉ်မရရှိဘဲ ဒေသခံ ရွာသူရွာသားတွေရဲ့ ပံ့ပိုးမှုနဲ့သာ အဓိက လည်ပတ်နေကြရတာပါ။ 

ကျောင်းသား ၃၀၀ ကျော် CDM ဆရာ၊ ဆရာမ ၁၀ ယောက်ကျော်ရှိတဲ့ အလယ်တန်း ကျောင်းတကျောင်းကို လစဉ်အသုံးစရိတ် ပျှမ်းမျှ ကျပ်သိန်း ၃၀ ခန့်ကုန်ကြပြီး ငွေကြေးလိုအပ်ချက် အခက်ခဲတွေကတော့ ကျောင်းတိုင်း ရင်ဆိုင်နေရဆဲဖြစ်တယ်လို့ CDM ကျောင်းဆရာတဦးဆီက သိရပါတယ်။ 

ပုံစာ - စစ်ရှောင်စာသင်ကျောင်းတခုနှင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပန်းချီပြိုင်ပွဲဝင်နေကြသည့် ပြည်သူ့အခြေပြုကျောင်းတခုအား တွေ့ရစဉ်။

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #ကလေး #ပြည်သူ့အခြေပြုကျောင်း #ပညာရေး #CDM #အထက်တန်းကျောင်းဆရာ #လိုအပ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10