သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပဲခူးတိုင်းအနောက်ခြမ်း၊ ဇီးကုန်းမြို့ပေါ်က အမျိုးသား ၂ ဦးကို ဖုန်းထဲမှာ Virtual Private Network (VPN) တွေ့လို့ဆိုကာ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့က ဖမ်းဆီးသွားတယ်လို့ ဇီးကုန်းမြို့အုပ်ချုပ်ရေးနဲ့ နီးစပ်သူတဦးက ပြောပါတယ်။
ဇီးကုန်းမြို့ အထက်တန်းကျောင်းကို ထမင်းပို့သွားတဲ့ အမှတ် ၄ ရပ်ကွက်က အမျိုးသား ၂ ဦးကို ဇွန် ၁၃ ရက် မနေ့ မနက် ၁၁ နာရီကျော်လောက်က အဲဒီရပ်ကွက်ထဲမှာပဲ တွေ့ရှိဖမ်းဆီးသွားတာလို့ ဆိုပါတယ်။
“ကျောင်းသားလေးတွေအတွက် ထမင်းချိုင်ပို့သွားတာ ဆိုင်ကယ်လိုင်စင်စစ်တဲ့ရဲတွေနဲ့ တိုးပြီး ဖုန်းကို ထပ် စစ်ရင်း VPN တွေ့လို့ စခန်းခေါ်သွားတာ။ အဲဒီ ၂ ဦးက လူလတ်ပိုင်း အရွယ်တွေပဲရှိသေးတယ်” လို့ အုပ်ချုပ်ရေးပိုင်းနဲ့ နီးစပ်သူတဦးက ပြောပါတယ်။
ဖုန်းအတွင်း VPN အသုံးပြုမှု ရှိမရှိ စစ်ဆေးမှုကို ပဲခူးတိုင်းအနောက်ခြမ်းက ပေါင်းတည်နဲ့ ပြည်မြို့တို့မှာလည်း စစ်ဆေးတာတွေရှိပြီး ပြည်မြို့က တွေ့ရှိသူကို ကျပ် ငါးသောင်းထိ တောင်းတာတွေရှိတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန MOD ရဲ့ စစ်ဥပဒေ အကြံပေးဟောင်း တရားလွှတ်တော်ရှေ့နေ စောဘဦးလေးက နည်းပညာခေတ် လူတယောက်ရဲ့ ဖုန်းထဲမှာ VPN ဆော့ဝဲတွေ့တာ ထူးဆန်းတဲ့ ကိစ္စရပ်မဟုတ်ဘဲ စစ်ကောင်စီဟာ သတင်းပျံ့နှံ့စီးဆင်းတဲ့အား၊ သတင်းတိုက်ပွဲတွေကိုတောင်မှ သတ္တိရှိရှိနဲ့ ခုခံနိုင်စွမ်း မရှိတော့တဲ့အခြေနေဖြစ်နေတယ်လို့ ဆိုပါတယ်။
“အာဏာသိမ်းပြီး သိပ်မကြာခင်မှာ ဇော်မဲလုံး (ဗိုလ်ချုပ် ဇော်မင်းထွန်း)က ဆော့ဝဲတွေကို VPN မသုံးရ၊ သုံးရင် ဘယ်လို အရေးယူမယ်၊ ဘယ်လို အပြစ်ပေးမယ်ဆိုတာလည်း ပါးစပ်က ထုတ်ပြောထားတာရှိတယ်။ တရားမဝင်တဲ့ အာဏာသိမ်းမှုကို လုပ်ထားတဲ့ တရားမဝင်တဲ့ အစိုးရအဖွဲ့က ထုတ်ပြန်တဲ့ တရားမဝင်တဲ့ ကြေညာချက်များက ဥပဒေနဲ့ ညီသလားလို့ ကိုယ့်ဟာနဲ့ ကိုယ်ပြန် ဆန်းစစ်ဖို့ပဲပြောမယ်” လို့ သူက ဆက်ပြောပါတယ်။
VPN တွေ့ရုံနဲ့ ဖမ်းဆီးတာဟာ အကြောင်းတရား မညီညွတ်သလို ငွေညှစ်တဲ့ ကိစ္စတွေဖြစ်လာဖို့နဲ့ စားပေါက်ထွင်ထားတာဖြစ်ပြီး စစ်ကောင်စီဟာ အပေါ်ပိုင်းမှာ သူတို့ရဲ့ တရားဝင်ဖို့နဲ့ အာဏာတည်မြဲရေးကို လုပ်နေသလို အောက်ခြေကိုလည်း လုပ်ချင်ရာကို လုပ်ဖို့ လွှတ်ထားတာကြောင့် စစ်သားနဲ့ ရဲတွေဟာ ဓားပြတွေနဲ့တူနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန MOD ရဲ့ စစ်ဥပဒေအကြံပေးဟောင်း တရားလွှတ်တော် ရှေ့နေစောဘဦးလေးက ပြောပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်း Facebook နဲ့ Twitter(X) အသုံးပြုခွင့်ကို စစ်ကောင်စီက ပိတ်ခဲ့လို့ VPN တွေ အစားထိုးအသုံးပြုခဲ့ကြရာက အဲဒီ VPN တွေကို မေ ၃၀ ရက်စတင်ကာ စစ်ဆေးဖမ်းဆီးတာတွေ လုပ်နေတာဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ ဆိုက်ဘာလုံခြုံရေး ဥပဒေမူကြမ်းမှာတော့ VPN တွေ သုံးစွဲပါက ထောင်ဒဏ် ၁ နှစ်ကနေ ၃ နှစ် အထိ ထောင်ချနိုင်ပြီး ဒဏ်ငွေ ကျပ်သိန်း ၅၀ ထိ ပေးဆောင်ဖို့ ရေးဆွဲထားတာကို တွေ့ရပါတယ်။
ပုံစာ - ဇီးကုန်းမြို့တွင် ခရီးသွားများကို စစ်ဆေးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ (ပုံဟောင်း)
စာတည်း-လင်းဇေ
#မြေလတ်အသံ
#ပဲခူးတိုင်း #ဇီးကုန်းမြို့ #အမျိုးသား #VirtualPrivateNetwork #VPN #စစ်ကောင်စီ
Share Share Share