ဖောင်းပြင်တိုက်ပွဲမှာ စစ်သား ၇ ဦးသေပြီး လက်နက်တွေသိမ်းထားနိုင်၊ လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်လုပ်ပြီး တိုက်ပွဲဖြစ်နေဆဲ

ဖောင်းပြင်တိုက်ပွဲမှာ စစ်သား ၇ ဦးသေပြီး လက်နက်တွေသိမ်းထားနိုင်၊ လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်လုပ်ပြီး တိုက်ပွဲဖြစ်နေဆဲ

စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့နယ်၊ ရောင်းဟီးရွာမှာ မေ ၄ ရက်ကစတင်ပြီး စစ်ကောင်စီနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ခဲ့ရာ စစ်သားအလောင်းတချို့နဲ့ လက်နက်တွေသိမ်းနိုင်ခဲ့ပြီး စစ်ကောင်စီဘက်ကလည်း လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်ကောင်စီရဲ့ ခမရ ၃၆၈ နဲ့ ပျူစောထီးပူးပေါင်းအင်အား ၈၀ ခန့်ဟာ မေ ၄ ရက် နေ့လယ် ၁၂ နာရီခွဲမှာ ရောင်းဟီးရွာကို စစ်ကြောင်းထိုးချိန်မှာ မော်လိုက်ခရိုင် တပ်ရင်း ၁၊ ၂ တပ်ဖွဲ့ဝင်တွေနဲ့ တိုက်ပွဲစတင်ခဲ့ကာ မေ ၅ ရက်နေ့လယ် ၂ နာရီမှာတော့ စစ်ကြောင်းက ရွာကနေဆုတ်ခွာသွားပေမယ့် မေ ၉ ရက်ဒီကနေ့ထိ ပစ်ခတ်မှုတွေ ရှိနေဆဲပဲလို့ ဆိုပါတယ်။

တိုက်ပွဲဖြစ်ပွားနေစဥ်အတွင်း ရောင်းဟီးရွာကို လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ်ပြုလုပ်ခဲ့ပြီး ကျေးရွာဘုန်းကြီးကျောင်း အပါအဝင် နေအိမ်တချို့ထိမှန်ပျက်စီးခဲ့ပါတယ်။

“**၇ ကောင်သေ၊ ဒဏ်ရာရသူများတယ်။ တိုက်ပွဲက ဒီနေ့ထိ တိုက်နေတုန်း? နောက်ဆက်တွဲ မသိရသေးဘူး။”လို့ မြေပြင်နဲ့ နီးစပ်သူတဦးက ပြောပါတယ်။

မေ ၇ ရက်တရက်တည်းမှာတင် ရောင်းဟီး၊ သရောင်း၊ ဆည်ချောင်း၊ ခမိုင်း၊ မန်မော် စတဲ့ကျေးရွာတွေတဝိုက်ကို တံတားဦးကတက်လာတဲ့ Y12 က ဗုံး ၆၄ လုံးကြဲချခဲ့တဲ့အပြင် မေ ၈ ရက် မနက် ၁ နာရီလောက်မှာလည်း တံတားဦးကလာတဲ့ ဂျက်ဖိုက်တာသုံးပြီး သရောင်းရွာနဲ့ မန်မော်ရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ 

“ခမိုင်းအရှေ့ကုန်းရွာက ပြည်သူအမျိုးသားတဦး ဒဏ်ရာရတယ်၊ ပြည်သူအမျိုးသမီးတဦး သေတယ်၊ တရက်ထဲ Y12 နဲ့ချတာ၊ တခြားအသေးစိတ်က မသိသေးဘူး။”လို့ ဖောင်းပြင်ဒေသခံတဦးက ပြောပါတယ်။

မေ ၄ ရက်နဲ့ ၅ ရက် တိုက်ခိုက်မှုတွေအတွင်း စစ်ကောင်စီဘက်က စစ်သားအလောင်း ၇ လောင်း၊ ၆၀ မမ ပြောင်းတို ၁ လက်၊ MA 1 ၄ လက်၊ ကျည် ၁၅၁၂ တောင့်၊ ကျည်အိမ် ၂၆ ခု၊ ၄၀ မမ ဗုံးသီး ၁၉ လုံး၊ ၆၀ မမ ဗုံးသီး ၈ လုံး၊ RPG 7 ဒုံးသီး ၅ လုံး၊ ၊ စကားပြောစက် ၁ ခု၊ ကျည်ကာဦးထုပ် ၁ လုံး၊ ဖုန်း ၃ လုံးနဲ့ ဆေးပစ္စည်းတွေ သိမ်းနိုင်ခဲ့တယ်လို့ မော်လိုက်ခရိုင် အမှတ် ၁ စစ်ဒေသက ထုတ်ပြန်ထားပါတယ်။ 

ဟုမ္မလင်းနဲ့ ဖောင်းပြင်နယ်တဝိုက်မှာ မကြာခဏတိုက်ပွဲဖြစ်ပွားကာ ဒေသခံကာကွယ်ရေးတပ်တွေဘက်က လက်နက်သိမ်းဆည်းရမိတာတွေရှိနေပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၄ ရက်ကလည်း ညောင်ကုန်းရွာနဲ့ အင်းဝိုင်းရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ တိုက်ခိုက်ခံရကာ သေနတ် ၂ လက်နဲ့ ကျည်အမြောက်အများကို သိမ်းဆည်းနိုင်ခဲ့ပါသေးတယ်။

ပုံစာ - တိုက်ပွဲအတွင်းသေဆုံးသည့် စစ်သားအလောင်းများ၊ သိမ်းဆည်းရရှိလက်နက်ခဲယမ်းနှင့် လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့သည့်အဆောက်အဦများ။

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #မော်လိုက် #ဖောင်းပြင် #တိုက်ပွဲ #စစ်ကောင်စီ #လေကြောင်းတိုက်ခိုက် #စစ်ပွဲ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10