သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မကွေးတိုင်း၊ မကွေးမြို့နယ်မှာ ဇူလိုင်လ ၂၅ ရက် မနေ့နေ့လယ်ပိုင်းက ၈ တန်းကျောင်းသားတဦး ကိုယ့်ကိုယ်ကို အဆုံးစီရင်ခဲ့တယ်လို့ ဒေသခံတဦးဆီက သိရပါတယ်။
မကွေးမြို့နယ်၊ သန်းတောကုန်းကျေးရွာက အသက် ၁၆ နှစ်အရွယ် ကျောင်းသားဖြစ်ပြီး မနေ့နေ့လယ် ၁၂ နာရီလောက်က နေအိမ်မှာ ကြိုးဆွဲချသေဆုံးခဲ့တာလို့ ဆိုပါတယ်။
"သူရဲ့အိမ် အပေါ်ထပ်မှာကြိုးဆွဲချတာ။ ဘယ်သူမှ မသိကြဘူးလေ။ ရပ်ရွာကလူတွေကပဲ ကြိုးတန်းလန်းဖြစ်နေတော့ အောက်ကိုဖြုတ်ချထားလိုက်ကြတာ"လို့ ဒေသခံတဦးက ပြောပါတယ်။
မှတ်တမ်းဓါတ်ပုံတွေအရ သေဆုံးသူဟာ အင်္ကျီမပါပဲ ကျောင်းစိမ်းပုဆိုးဝတ်ကာ သေဆုံးနေတာကိုတွေ့ရပြီး ဘာကြောင့်ကြိုးဆွဲချတယ်ဆိုတာကိုတော့ မြေလတ်အသံအနေနဲ့ အသေးစိတ်အချက်အလက် မသိရှိရသေးပါဘူး။
အလောင်းကိုတော့ သန်းတောကုန်းရွာကနေ နေ့လယ် ၁ နာရီလောက်မှာ ရောင်စုံမေတ္တာ လူမှုကယ်ဆယ်ရေးအသင်းက မကွေးဆေးရုံရင်ခွဲရုံကို ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့မတ်လ ၁၈ ရက်ကလည်း မကွေးမြို့နယ်၊ ယင်းမာတောကျေးရွာက အသက် ၂၂ နှစ်အရွယ် အမျိုးသမီးတဦး နေအိမ်အိပ်ခန်းတွင်းမှာ ကြိုးဆွဲချသေဆုံးမှု ဖြစ်ခဲ့ပါသေးတယ်။
ဓါတ်ပုံ - ရောင်စုံမေတ္တာ လူမူကယ်ဆယ်ရေးအသင်းမှကူးယူဖော်ပြသည်။
စာတည်း - လင်း
#မြေလတ်အသံ
#မကွေး #ကျောင်းသား #ကြိုးဆွဲချ #သေဆုံး
Share Share Share