မကွေးအခြေစိုက် ရဲတပ်ရင်း ၂၅ ကို ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်

မကွေးအခြေစိုက် ရဲတပ်ရင်း ၂၅ ကို ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်

မကွေးတိုင်း၊ မကွေးမြို့ အခြေစိုက် ရဲတပ်ရင်း ၂၅ ကို ဧပြီ ၇ ရက်က ရှော့တိုက်ဒုံးတွေနဲ့ တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီဘက်က သေဆုံးထိခိုက်မှုတွေရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေဆီက သိရပါတယ်။

ဧပြီ ၇ ရက် မနက် ၆ နာရီခွဲဝန်းကျင်က ရှော့တိုက်ဒုံး ၅ လုံးနဲ့ ပစ်ခတ်ခဲ့တဲ့ရဲတပ်ရင်း ၂၅ဟာ  အာဏာရှင်ရဲ့ ထောက်တိုင်တခုဖြစ်ပြီး အထောက်ပံ့အများကြီးပေးနေတဲ့ နေရာတခုဖြစ်တာကြောင့် စစ်ရေးပစ်မှတ်အဖြစ်ရွေးချယ် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“အသေများတယ်လို့ပဲ သတင်းရသေးတယ်၊ ဘယ်နှယောက် သေတယ်ဆိုတာတော့ မသိရသေးဘူး။ လောလောဆယ် ထိခိုက်တဲ့ဟာတွေနဲ့ သေတာတွေကို သဂြိုဟ်ဖို့အတွက် လုပ်နေတယ်။” လို့ မကွေးမြို့နယ်ပကဖ တာဝန်ခံကပြောပါတယ်။

မတ် ၁၉ ရက်ကလည်း တောင်တွင်းကြီးမြို့ အမှတ် ၇ စစ်အခြေခံ လေ့ကျင့်ရေးတပ်ကို ရှော့တိုက်ဒုံး ၅ လုံးနဲ့ တိုက်ခိုက်ခဲ့ပြီး အဲဒီနေ့မှာတင် စစ်သား ၁၅ ဦးသေဆုံးကာ ဧပြီ ၂ ရက်မှာ ဆေးကုသနေတဲ့ စစ်သား ၁ ဦး ထပ်မံသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

“ပထမ သတင်းကြားတာတော့ ၃ ယောက်ပဲ ထိတယ်ကြားတာ။ ၁၀ ရက်လောက်ကြာမှ ၁၅ ယောက်သေတယ်လို့ သတင်းကြားတယ်၊ ၂ ရက်နေ့ကတော့ တိုက်ခိုက်မှုကြောင့် ဆေးရုံတက်နေတဲ့ လူနာတွေထဲက ၁ ယောက် ထပ်သေသွားတယ်။” လို့ ပကဖတာဝန်ခံက ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို မကွေးပကဖ၊ မကွေးတောင်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့  SMPDF၊ မကွေးပြောက်ကျားတပ်ဖွဲ့၊ ဒေါင်းစစ်သည် ပြောက်ကျားတပ်ဖွဲ့၊  မကွေးခရိုင် တပ်ရင်း ၂၊ အထက်မင်းလှပြည်သူ့ ကာကွယ်ရေးအဖွဲ့၊ ယောကာကွယ်ရေးတပ် YDF၊ Key of Revolution၊ United States of Burma Army တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့လည်း သိရပါတယ်။

စာတည်း-လင်းဇေ

#မြေလတ်အသံ

#မကွေးတိုင်း #ရဲတပ်ရင်း #ရှော့တိုက်ဒုံး #စစ်ကောင်စီ #ပြည်သူ့ကာကွယ်ရေး #SMPDF #မကွေးပြောက် ကျားတပ်ဖွဲ့ #ဒေါင်းစစ်သည်ပြောက်ကျားတပ်ဖွဲ့ #YDF

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10