မင်းလှက စစ်တပ်သတင်း‌ပေးဆိုသူ သေနတ်နဲ့ ၁၂ ချက် ပစ်ခံရပြီးသေဆုံး (ရုပ်/သံ)

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့ပေါ်က စစ်တပ်သတင်းပေးဆိုသူအမျိုးသား သေနတ်နဲ့ ပစ်သတ်ခံရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

မင်းလှမြို့၊ စက်ကြီးတန်းလမ်းမှာနေတဲ့ ကိုမျိုးမြင့်အောင် (ခ) အောင်အောင်ကို မတ် ၂၆ ရက် နေ့လယ် ၂ နာရီခွဲဝန်းကျင်လောက်မှာ သာယာဝတီခရိုင်တပ်ရင်း  ၃၈၀၂၊ တပ်ခွဲ ၂ တပ်ခွဲ ၃ နဲ့ မင်းလှ ပကဖ က ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

သေနတ်နဲ့ ၁၂ ချက်ပစ်ခတ်ခံရပြီး ကိုမျိုးမြင့်အောင်ဟာ သူရဲ့နေအိမ်မှာပဲ သေဆုံးခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ ရဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

သူဟာ ဒေသတွင်း တော်လှန်ရေးအဖွဲ့တွေနဲ့ ပတ်သက်တဲ့သတင်းတွေကို စစ်တပ်ဆီသတင်းပေး ဖမ်းဆီးခိုင်းတာတွေလုပ်သလို လက်နက်ကိုင်ဆောင်ထားသူလည်း ဖြစ်တယ်လို့ ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်

“ (မျိုးမြင့်‌အောင်က) စစ်ကောင်စီသတင်းပေး အစစ်။ သေနတ်လည်း ကိုင်ထားပြီး စစ်တပ်ထဲမှာလည်းနေတယ်။ သူ့ကြောင့် မြို့က အမျိုးသား၊ အမျိုးသမီးတွေ တဒါဇင်ကျော် ဖမ်းဆီးခံထားရတာ တကယ့် ဒလန်အစစ်ကြီး။”လို့ ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

ဒါ့အပြင်မျိုးမြင့်အောင်ဟာ ၂၀၂၀ ခုနှစ်မှာ မင်းလှမြို့နယ် PPP ပါတီ မြို့နယ်ဥက္ကဌအဖြစ်ဆောင်ရွက်ခဲ့ပြီး ၂၀၂၃ခုနှစ် နို၀င်ဘာ၂၆ ရက်မှာ ပါတီက နုတ်ထွက်ခဲ့တယ်လို့လည်းသိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီ ၉  ရက် မွန်းလွဲပိုင်းမှာလည်း မင်းလှမြို့နယ်က စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ကိုမြင့်ဟန်ကို ရန်ကုန် - ပြည် ကားလမ်းပေါ်မှာ  သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၃ က သေနတ်နဲ့ ပစ်သတ်ခဲ့ပါသေးတယ်။ 

စာတည်း - လင်း  ၊ တည်းဖြတ် - HP

#မြေလတ်အသံ

#မင်းလှ #စစ်တပ်သတင်းပေး #ဒလန် #ပစ်ခတ်ရှင်းလင်း #သေဆုံး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10