သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပဲခူးတိုင်း(အနောက်ခြမ်း)၊ မင်းလှမြို့နယ်မှာ ပျူစောထီးခေါင်းဆောင်ဆိုသူကို သေနတ်နဲ့ပစ်သတ်ပြီး မောင်းနှင်လာတဲ့ ကားကိုမီးရှို့ဖျက်ဆီးခဲ့တယ်လို့ သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ က သတင်းထုတ်ပြန်ထားပါတယ်။
အသတ်ခံရသူမှာ အခြောက်မ (ခ) ကိုစံညိုဖြစ်ပြီး စိန်ကန့်လန့် - မြို့ချောင်း ရိုးမဖြတ်ကျော်လမ်းအတိုင်း ၎င်းပိုင်မီးသွေးတင်ဖော(၆ ဘီး)ကားကို မင်းလှဘက်သို့ မောင်းနှင်လာစဉ် မိုင်တိုင်အမှတ် ၄၇ အနီးမှာ ညနေ ၃ နာရီလောက်မှာ ကားကိုမီးရှို့ခဲ့တာလို့ဆိုပါတယ်။
“အခြောက်မ ပြန်လာမယ်ဆိုတာသိလို့ ကြိုစောင့်နေပြီး သေနတ်နဲ့ ၇ ချက်ပစ်ခဲ့တာ ပွဲချင်းပြီးပဲ။ ကားကိုလည်း တခါတည်းမီးရှို့ခဲ့တယ်“ လို့ တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ က သတင်းပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။
ကိုစံညိုဟာ စစ်ကောင်စီနဲ့ပေါင်းကာ စစ်သားတွေကို ပဲခူးရိုးမပေါ်ကိုလိုက်လံပို့ဆောင်တာ၊ PDFစခန်း တွေကို လိုက်လံပြသတာတွေ လုပ်ဆောင်တဲ့အပြင် စစ်သားတွေခိုးရောင်းတဲ့ ပြည်သူပိုင်ကျွန်းသစ်တွေကို ဝယ်ယူနေသူဖြစ်တယ်လို့လည်း သူကဆက်ပြောပါတယ်။
ကိုစံညိုဆီကနေ ဖုန်း ၃ လုံးနဲ့ ငွေသား ၅ သိန်း ၅ သောင်းကျော်ကိုလည်း သိမ်းဆည်းရမိတယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ က မင်းလှ၊ လက်ပံတန်းနဲ့ အုတ်ဖိုမြို့နယ်အပိုင် ပဲခူးရိုးမအတွင်း ကုန်တင်ယာဉ်တွေ တက်ရောက်ခွင့်ကို ဩဂုတ် ၈ ရက်ကစကာ ပိတ်ပင်ထားတာလည်းဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၁၉ ရက်ကလည်း မင်းလှမြို့နယ်၊စိန်ကန့်လန့် - မြို့ချောင်း ရိုးမဖြတ်ကျော်လမ်းမှာ မင်းလှမြို့နယ် ခလရ ၁ က တပ်ကြပ်ကြီး ခင်မောင်ကြည်ရဲ့ တပည့်ဖြစ်တဲ့ ကိုချစ်မွှေးနဲ့ ကိုကောင်းစံတို့မောင်းနှင်လာတဲ့ မီးသွေးတွေတင်ဖောကား မီးရှို့ဖျက်ဆီးခံရပြီး သူတို့ ၂ ဦးလည်း ပစ်သတ်ခံခဲ့ရတယ်လို့ သိရပါတယ်။
စာတည်း - ရင်ငြိမ်း
#မြေလတ်အသံ
#ပဲခူး #အနောက်ခြမ်း #မင်းလှ #ပျူစောထီး #ရှင်းလင်းခံရ #PDF #၃၈၀၂ #သတင်း #မြေလတ်သတင်း
Share Share Share