သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပဲခူးတိုင်း၊ မင်းလှမြို့နယ်မှာ အမျိုးသား ၆ ဦးကို ဖမ်းဆီးလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ဒေသကာကွယ်ရေးအဖွဲ့တွေက အောက်တိုဘာ ၂၂ ရက် မနေ့မနက်က တိုက်ခိုက်ခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၅ ရဲ့ သတင်းပြန်ကြားရေးတာဝန်ခံဆီက သိရပါတယ်။
မင်းလှမြို့နယ်အပိုင် ဧက ၂၀၀ ကျွန်းစိုက်ခင်းအနီးကနေ အမျိုးသား ၆ ဦးကို ဖမ်းလာတဲ့ အင်အား ၂၀ ခန့်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ ဒေသကာကွယ်ရေးအဖွဲ့တွေက မနက် ၉ နာရီခွဲလောက်မှာ ခါချဉ်တောင်အနီး ပတ်ကွေ့ကြီးအဆင်းမှာ ထိပ်တိုက်တိုးကာ ၁၅ မိနစ်ခန့် အပြန်အလှန် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
”ကင်းလှည့်သွားရင်းတိုးလို့ လက်ဦးမှုယူပြီး လက်နက်ငယ်နဲ့ပစ်တာမှာ စစ်သားတဦး အရုပ်ကြိုး ပြတ်လဲကျသွားတယ်“ လို့ တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၅ ရဲ့ သတင်းပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
ရွာသား ၆ ဦးရဲ့ လက်တွေကို ကြိုးချည်ကာ ဖမ်းဆီးလာတာဖြစ်ပြီး ဘယ်ကနေ ဖမ်းဆီးလာတယ်ဆိုတာနဲ့ အမည်နေရပ်တွေမသိရဘူးလို့ သူက ဆက်ပြောပါတယ်။
တိုက်ပွဲအပြီးမှာ စစ်ကောင်စီစစ်ကြောင်းဟာ ဒဏ်ရာရသူကို ခေါ်ဆောင်ပြီး မင်းလှဘက်ကို ပြန်ဆင်းသွားကာ မင်းလှမြို့နယ် ဘန့်ဘွေးကုန်းရွာမှာ ရောက်ရှိနေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၄ ရက်ကလည်း မင်းလှမြို့နယ်၊ မြို့ချောင်း-စိန်ကန့်လန့်ရိုးဖြတ်လမ်း ဟိုင်းယုလမ်းဆုံကနေ တက်လာတဲ့စစ်ကြောင်းကို အင်တိုင်းကုန်းရွာအနီးကနေ တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၅ တိုက်ခိုက်ခဲ့ကြပါ သေးတယ်။
ပုံစာ - စစ်ကြောင်းချီတက်နေတဲ့ တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၅ ရဲဘော်များ(ပုံဟောင်း)။
စာတည်း - လင်းဇေ
#မြေလတ်အသံ
#ပဲခူးတိုင်း #မင်းလှမြို့နယ် #စစ်ကောင်စီ #ဖမ်းဆီး #PDF #စိန်ကန့်လန့် #ပဲခူးရိုးမ #တိုက်ပွဲ #သတင်း #မြေလတ်သတင်း
Share Share Share