မင်းလှမှာ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဒရုန်းတစင်းကို ပစ်ချနိုင်

မင်းလှမှာ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဒရုန်းတစင်းကို ပစ်ချနိုင်

ပဲခူးတိုင်းအနောက်ခြမ်း၊ မင်းလှမြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်ခဲ့ပြီး ဒရုန်းတစင်းပစ်ချနိုင်ခဲ့တယ်လို့ သာယာဝတီခရိုင် အမှတ် ၃ တပ်ရင်း၊ Myanmar Defense Force - MDF Special Force က သတင်းထုတ်ပြန်ထားပါတယ်။

မင်းလှမြို့နယ်၊ စမ်းဘုတ်ရွာကနေ အင်အား ၄၀ လောက်နဲ့စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေကို သြဂုတ် ၃၀ ရက် မွန်းလွဲ ၁၂ နာရီခွဲမှာ ဆား‌ချောင်းရွာအနီးကနေ ၁ နာရီကြာ တိုက်ခိုက်ပြီး စစ်ကောင်စီဘက်က DIY Multirotor အမျိုးအစားဒရုန်းကိုလည်း ပစ်ချနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ 

“တိုက်ပွဲစဖြစ်ကာနီးမှာ ကျနော်တို့ကိုလာချတဲ့ ဒရုန်းကို ပစ်ချနိုင်ခဲ့တာပါ” လို့ Myanmar Defense Force ရဲ့ တပ်ရင်းမှူး ဗိုလ်စောဂျိမ်း က ပြောပါတယ်။

တိုက်ပွဲမှာ စစ်ကောင်စီဘက်က ၇၉ မမတွေအပြင် တိုက်ခိုက်ရေး DIY Multirotor အမျိုးအစား ဒရုန်းတွေနဲ့ပါ အဆက်မပြတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီတိုက်ပွဲအတွင်း  PDF ရဲဘော် ၁ ဦး ဗုံးစထိမှန်ဒဏ်ရာရခဲ့ပြီး စစ်ကောင်စီတပ်သား ၇ ဦးသေဆုံးကာ ဒဏ်ရာရခဲ့သူတွေရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

ပြီးခဲ့တဲ့ ဩဂုတ် ၂၄ ရက်ကလည်း Myanmar Defense Force နဲ့ ပူးပေါင်းတပ်ဖွဲ့တွေဟာ လက်ပံတန်းမြို့နယ်အတွင်း အင်အား ၁၀၀ ပါ စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ ဗိုလ်မှူး ၁ ဦးအပါ ၂၀ ဦးသေဆုံးပြီး ၁၀ ဦး လက်နက်ချခဲ့ကာ လက်နက်ခဲယမ်းမျိုးစုံကိုလည်း သိမ်းဆည်းနိုင်ခဲ့ပါသေးတယ်။

ပုံစာ - ပစ်ချခဲ့တဲ့ဒရုန်းနှင့်အတူတွေ့ရသည့် Myanmar Defense Force တပ်ဖွဲ့ဝင်များ။

စာတည်း - လင်း 

#မြေလတ်အသံ

#မင်းလှ #တိုက်ပွဲ #ဒရုန်း #ပစ်ချ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10