သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင် မွေးနေ့ဖြစ်တဲ့ ဇူလိူင်လ ၃ ရက်၊ ဒီမနက် ၉ နာရီလောက်က ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်မြို့နယ်အဝင် ဆိုင်းဘုတ်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး စာတန်းချိတ်ပြီး မိုင်းဖောက်ခွဲခဲ့တယ်လို့ ပေါင်းတည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးဆီက သိရပါတယ်။
ပေါင်းတည်မြို့နယ်နဲ့ သဲကုန်းမြို့နယ်အစပ် ရန်ကုန် - ပြည်လမ်းကပေါ်က ဆိုင်းဘုတ်မှာ "တတိုင်းလုံးညီ တပြည်လုံးရဲ မင်းအောင်လှိုင်ခေါင်း ဒေါင်းနင်းတဲ့ပွဲ" စာတန်းကိုချိတ်ပြီး အနီးမှာပဲမိုင်း ၂ လုံးခွဲခဲ့တာလို့ ဆိုပါတယ်။
"မင်းအောင်လိူင်မွေးနေ့အထိမ်းအမှတ် မိုင်းခွဲခဲ့တာပါ လုံခြုံရေးအစစ်ဆေးများတဲ့ ကြားကလုပ်ခဲ့ရတာပါ၊ သာသာယာယာနဲ့ပဲ ပြန်ရောက်ပါတယ်။" လို့ ပေါင်းတည်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ မြို့ပြပြောက်ကျားရဲဘော်တဦးက ပြောပါတယ်။
ပေါင်းတည်မြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်က လုံခြုံရေးတွေချထားသလို ပေါင်းတည်နဲ့ကြာနီကန်ကျေးရွာဘက်ကို ဆက်သွယ်တဲ့လမ်းမှာလည်း စစ်ကောင်စီဂိတ် ၄ ဂိတ်ချထားပေမယ့် စစ်ဆေးတာမျိုးတော့မရှိဘဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက လာရောက်တိုက်ခိုက်မှာကိုလည်း စိုးရိမ်နေကြတယ်လို့ စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းတဦးကပြောပါတယ်။
ဒါ့အပြင် မြို့ပေါ်ရပ်ကွက်တွေမှာလည်း မနက် ၆ နာရီကနေ ၆ ညနေထိသာ ထွက်ခွင့်ပြုပြီး အုပ်ချုပ်ရေးမှူးတွေကိုလည်း နေအိမ်အပြင်မထွက်ဖို့ သတိပေးထားတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေတာကြောင့် ပြည်သူအချို့ထိတ်လန့်နေသလို စျေးဆိုင်အချို့ ညနေ ၆ နာရီမတိုင်မီ ပိတ်သိမ်းတာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။
ဇူလိူင်လ ၂ ရက်မနေ့ညကလည်း ပေါင်းတည်အချုပ်ထောင် အပေါ်ထပ်ကို ရဲတပ်ဖွဲ့ဝင်အချို့ဝင်ရောက် နေရာယူတာမျိုးတွေ အထိရှိခဲ့တယ်လို့လည်း အမည်မဖော်လိုသူ အကျဥ်းထောင်နဲ့နီးစပ်သူတဦးက ပြောပါတယ်။
စာတည်း - နွေဦးငြိမ်းချမ်း
#မြေလတ်အသံ
#ပဲခူးတိုင်း #ပေါင်းတည် #စစ်ကောင်စီ #မင်းအောင်လှိုင် #မြို့ပြပြောက်ကျား
Share Share Share