သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ မိုင်းကွင်းလာဖျက်တဲ့ စစ်အုပ်စုကို ဧပြီလ ၄ ရက်မှာ ဒေသခံကာကွယ်ရေးတပ်တွေက တိုက်ခိုက်လို့စစ်သား ၃ ဦး သေဆုံးကာ၊ စစ်အုပ်စုနဲ့အတူပါလာတဲ့ နွား ၇ ကောင်ကိုလည်း သိမ်းယူနိုင်ခဲ့တယ်လို့ အာဏာရှင်တော်လှန်ရေးပြည်သူ့တပ်မတော် - DRPA က သတင်းထုတ်ပြန်ထားပါတယ်။
ကနီမြို့နယ်၊ အလယ်ကျွန်းရွာကနေ နေ့လယ် ၁၂ နာရီလောက်မှာ စစ်အုပ်စုက အင်အား ၅၀ ကျော်နဲ့ထွက်လာချိန် သရက်တောရွာအနောက်မြောက်ဘက်မှာ တိုက်ခိုက်ခဲ့ကြတာလို့ ဆိုပါတယ်။
"သူတို့က မိုင်းကွင်းထဲမှာ နွားတွေကို အရင်ဖြတ်ခိုင်းတာ၊ အဲဒီမှာ တိုက်ခိုက်ရင်း ကျနော်တို့က နွား ၇ ကောင်ကို သိမ်းနိုင်ခဲ့တာ။ အပြန်အလှန်ပစ်ခတ်ရင်းနဲ့ နွား ၃ ကောင်သေပြီး၊ စစ်သား ၃ ဦးလည်း သေတယ်။ နွား ၄ ကောင်ကိုတော့ အရှင်ရလိုက်တယ်" လို့ DRPA သတင်းပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ တိုက်ခိုက်ခံရပြီးနောက်မှာတော့ သေဆုံးအလောင်းတွေကိုကောက်ကာ အလယ်ကျွန်းရွာထဲကို ပြန်ဝင်သွားတယ်လို့လည်း သူကဆက်ပြောပါတယ်။
DRPA ခရိုင်တပ်ရင်း ၂ အမေ့သားကျားသုံးဖော်နဲ့ KPDF1က KGF တပ်ခွဲတို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး၊ ၁ နာရီခွဲဝန်းကျင်ကြာ အနီးကပ်တိုက်ခိုက်ခဲ့ကြတာဖြစ်သလို ဒေသခံကာကွယ်ရေးတပ်တွေဘက်က ၁ ဦးဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့မတ်လ ၃၀ ရက်နေ့လယ်ကလည်း ကနီမြို့အနောက်ဘက်ခြမ်းမှာ ကင်းပုန်းဝတ်နေတဲ့အင်အား ၃၀ လောက်ရှိ စစ်တပ်နဲ့ DRPA ပူးပေါင်းအဖွဲ့တို့ ထိတွေမှုဖြစ်ပြီး စစ်သား ၂ ဦး သေဆုံးခဲ့ပါသေးတယ်။
#မြေလတ်အသံ