သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မကွေးတိုင်း၊ ငဖဲမြို့နယ်မှာ မိုးမရွာသေးတဲ့အတွက် မိုးခေါ်အရှင်သခင်တင်ဖို့ဆိုပြီး ပဒါန်းကျေးရွာအုပ်ချုပ် ရေးမှူးက တအိမ်လျှင် တထောင်ကျပ်လိုက်လံကောက်ခံနေတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
ငဖဲမြို့နယ် ပဒါန်းရွာမှာ မေ ၁၄ ရက် မနက် ၈ နာရီလောက်ကစကာ ပဒါန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးဆောင်တဲ့ အဖွဲ့ က လိုက်လံကောက်ခံနေတာလို့ ပြောပါတယ်။
ပဒါန်းရွာမှာ အိမ်ထောင်စု ၂,၀၀၀ ဝန်းကျင်ရှိကာ တအိမ်ကို ကျပ်တထောင်နှုန်း ကောက်ခံနေတာလို့ ဆိုပါ တယ်။
”မိုးခေါ် အရှင်သခင်တင်ဖို့ နတ်ပွဲ နှစ်ရက်ကမယ်လို့ပြောပြီး ငွေကောက်သွားတာ။ ဘယ်ရက်ကမယ် ပြောမသွားဘူး။ အဓိက,ကတော့ အကြောင်းအမျိုးမျိုးပြ အုပ်ကြီးလုပ်စားနေတာ” လို့ ဒေသခံတဦးက ပြောပါ တယ်။
မေ ၁၅ ရက် မနေ့ ညနေ ၃ နာရီခွဲဝန်းကျင်ကတော့ ပဒါန်းရွာမှာ ရုတ်တရက် မိုးသက်လေပြင်း နာရီဝက်ကြာ တိုက်ခိုက်ခဲ့လို့ နေအိမ်အချို့ အမိုးလန်ပျက်စီးမှုတွေ ရှိခဲ့ပါသေးတယ်။
ပဒါန်းအုပ်ချုပ်ရေးမှူးကတော့ မိုးခေါ်နတ်ကဖို့ နတ်ကတော်တွေကို ဖိတ်ကြားထားပြီး နတ်ကရာမှာ သုံးမယ့် ဆိုင်းဟာလည်း ကျေးရွာအဆင့် ဆိုင်းဖြစ်လို့ ကျပ်သုံးသိန်းထက် ပိုမပေးရဘူးလို့ ဒေသခံတဦးက ဆက်ပြော ပါတယ်။
မိုးခေါ်နတ် အရှင်သခင်တင်ပွဲကို ပဒါန်းရွာ နတ်စင်မှာ ပြုလုပ်မှာဖြစ်ကာ အရင်နှစ်တွေက မိုးမရွာပါက ကျေးရွာသားငယ်ရွယ်သူတွေကို အမျိုးသား၊ အမျိုးသမီးခွဲကာ လွန်ဆွဲတဲ့ ဓလေ့ကိုသာ ပြုလုပ်ကြပြီး အခုလို ငွေကောက်ခံတာတွေ မရှိဘူးလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ သင်္ကြန်ကလည်း အဲဒီ အုပ်ချုပ်ရေးမှူးဟာ ပဒါန်းရွာ သင်္ကြန်ယိမ်းအဖွဲ့ကို ယိမ်းဝတ်စုံချုပ်ပေးဖို့ဆိုကာ တအိမ်လျှင် ငွေသုံးထောင်ကျပ်စီ ကောက်ခံခဲ့သေးတယ်လို့ ပြောပါတယ်။
မြန်မာနိုင်ငံအတွင်း မိုးရွာသွန်းဖို့နဲ့ပတ်သက်ပြီး မိုးလေဝသ အချက်အလက်တွေကို ခန့်မှန်းပေးနေတဲ့ စုစုစံ ကတော့ လာမယ့် မေ ၂၁ ရက်ကနေ ၂၇ ရက်အတွင်း ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်းတခုဖြစ်ပေါ်နိုင်ပြီး မြန်မာတနိုင်ငံလုံးမှာ မိုးများရွာသွန်းနိုင်တယ်လို့ ခန့်မှန်းထုတ်ပြန်ထားပါတယ်။
ပုံစာ - ပဒါန်းကျေးရွာမှာ မေ ၁၅ ရက်က မိုးသက်လေပြင်းကျရောက်ပြီးနောက် မြင်တွေ့ရပုံ။
စာတည်း - လင်းဇေ
#မြေလတ်အသံ
#မကွေးတိုင်း #ငဖဲမြို့နယ် #မိုး #မိုးခေါ်အရှင်သခင် #ပဒါန်း #ကျေးရွာအုပ်ချုပ်
Share Share Share