သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မြပုလဲဆီဆိုင်အနီး စစ်ဆေးရေးဂိတ်ကနေ မုံရွာကိုလာတဲ့ စစ်ကားတစီးကို ဖေဖေါ်ဝါရီလ ၁၈ ရက် ဒီနေ့လည် ၃ နာရီလောက်က တိုက်ခိုက်ခဲ့တယ်လို့ People Defence Force - South Monywa မုံရွာခရိုင် တပ်ရင်း ၁၁ က သတင်းထုတ်ပြန်ထားပါတယ်။
မုံရွာမြို့နယ်၊ မုံရွာ - ချောင်းဦး လမ်းပိုင်းတနေရာမှာ ပဒေသာမိုင်း ၃ လုံးဆွဲကာ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
"အဲ့ကားပေါ်မှာ ဒဏ်ရာရတဲ့ ကောင်တွေပါတယ်လို့တော့ သိထားပါတယ်။ မနေ့က ချောင်းဦးမြို့နယ်မှာ စစ်ကြောင်းထိုးရင်း မိုင်းဆွဲခံရလို့ ဒဏ်ရာရတဲ့ သူတွေလို့တော့ ထင်တယ်ဗျ။ တော်တော်တော့ ထိခိုက်မယ်။ ကားက ဘေးတခြမ်းလုံး စုတ်ပြတ်ပြီး မိုးကာတွေပါ ပေါက်ပြဲကုန်တာပါ" လို့ People Defence Force - South Monywa မုံရွာခရိုင် တပ်ရင်း ၁၁ မှ တာဝန်ရှိသူက ပြောပါတယ်။
မိုင်းဆွဲခံရတဲ့ ကားကနေ ပြန်လှန်ပစ်ခတ်တာတွေ မရှိဘဲ မုံရွာမြို့ဘက်ကို ဆက်ထွက်သွားတယ်လို့ သူက ဆက်ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုမှာ People Defence Force - South Monywa ၊ Monywa People's Liberation Force - ဒေါင်းမင်းစစ်ကြောင်းတပ်ခွဲ၊ Forces Our History တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးအခြေအနေတွေကိုတော့ မြေလတ်အသံက အတည်မပြုနိုင်သေးပါဘူး။
People Defence Force - South Monywa အဖွဲ့ဟာ ဖေဖေါ်ဝါရီလ ၁၂ ရက် ညနေကလည်း လက်လုပ် ၄၀ မမ၊ လက်လုပ်ရှော့ဂန်း၊ အော်တိုဂန်းတွေနဲ့ ပျူစောထီးတောပုရွာကို ပစ်ခတ် တိုက်ခိုက်ခဲ့ကြပါသေးတယ်။
#မြေလတ်အသံ
Share Share Share