သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်ထဲကလမ်းပိုင်းအချို့ကို ဒီဇင်ဘာလ ၃၁ ရက်ဒီမနက် ၂ နာရီ ၅၀ မိနစ် ကစပြီး လမ်းအသုံးပြုခွင့်ကို ယာယီပိတ်ပင်ထားကြောင်း မုံရွာ- အမြင့်လမ်း တင်းမှန်ပြန်ကြားရေးက သတင်းထုတ်ပြန်ထားပါတယ်။
မုံရွာ - ချောင်းဦးလမ်းပိုင်း၊ မြေနဲ - ဗောဓိတစ်ထောင်လမ်းပိုင်း၊ မုံရွေး - ရွေမြင်တင်လမ်းပိုင်းတွေကိုပိတ်ခဲ့တာလို့ မုံရွာ - အမြင့်လမ်းသတင်းမှန်ပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။
"အမြင့်မြို့ဟောင်းက စစ်ကောင်စီတပ်သားတွေကို ဗောဓိတထောင်တောင်ကြောက တောင်ခမောက်တောင်ကို မနေ့ ညနေက Mi-35,Mi-17 ရဟတ်ယာဥ်တွေနဲ့ ပို့လို့ လမ်းပိတ်ထားတာပါ"လို့ ပြောပါတယ်။
ချောင်းဦးမြို့နယ်၊ အမြင့်စခန်းကစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို မနေ့ညနေ ၄ နာရီခွဲလောက်က လေယာဥ် ၂ စီးနဲ့ ၂ ကြိမ်ခွဲပြီး လာခေါ်သွားတာကိုတွေ့ခဲ့ရတယ်လို့ ချောင်းဦး Eagle Brother Revolution Force.KUG - တပ်ခွဲ ၂ တပ်ဖွဲ့ရဲ့ တာဝန်ရှိသူကလည်း ပြောပါတယ်။
အခုလမ်းပိတ်ထားတာဟာ နောက်ထပ်ကြေညာချက်မထုတ်ပြန်ခင်အထိ ဖြစ်ပြီး၊ လမ်းအသုံးပြုခဲ့လို့ အကြောင်းတစုံတရာဖြစ်ပေါ်ခဲ့ပါက အသုံးပြုသူရဲ့တာဝန်သာဖြစ်တယ်လို့ ကြေညာချက်မှာဖော်ပြထားပါတယ်။
မုံရွာခရိုင်အတွင်းမှာ ပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ ခုခံတိုက်ခိုက်မှုတွေကြောင့် စစ်ကောင်စီတပ်တွေ သေဆုံးမှုတွေရှိနေသလို မကြာခဏဆိုသလိုလည်း ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားလျှက်ရှိနေတာပါ။
ပြီးခဲ့တဲ့ဒီဇင်ဘာလ ၂၄ ရက်လည်း မုံရွာမြို့ကနေ ပြည်သူပိုင်ကျောက်စုပ်မော်တော်ကို ခိုးယူမောင်းနှင်လာတဲ့ စစ်အုပ်စုကို ချင်းတွင်းမြစ်ကြောင်းတနေရာမှာ ဒေသခံကာကွယ်ရေးတပ်တွေက မိုင်းခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ၇ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာပြင်းထန်ရရှိခဲ့ပါသေးတယ်။
#မြေလတ်အသံ
Share Share Share