မြင်းခြံမှာ ပစ်ခတ်မှုဖြစ်လို့ စစ်သား ၁ ဦးသေဆုံးပြီး သေနတ် ၁ လက်ကိုသိမ်းဆည်းခဲ့

မြင်းခြံမှာ ပစ်ခတ်မှုဖြစ်လို့ စစ်သား ၁ ဦးသေဆုံးပြီး သေနတ် ၁ လက်ကိုသိမ်းဆည်းခဲ့

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ကုက္ကိုရွာရဲစခန်းမှာတပ်စွဲနေတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တို့ ပစ်ခတ်မှုဖြစ်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးပြီး လက်နက်အချို့လည်း သိမ်းဆည်းနိုင်ခဲ့တယ်လို့ အနောက်မြောက်စစ်ဒေသ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA အဖွဲ့ဆီက သိရပါတယ်။ 

ဧပြီ ၂၅ ရက် မနက် ၄ နာရီလောက်မှာ အင်အား ၃၀ ကျော်နဲ့တပ်စွဲထားတဲ့ ကုက္ကိုရွာရဲစခန်းကို ဒေသခံမဟာမိတ်တပ်ဖွဲ့တွေက သွားရောက်တိုက်ခိုက်ရာက အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့တာပါ။ 

“စခန်းကိုတိုက်ပြီး ပြန်အဆုတ်မှာ စစ်အုပ်စုရဲ့ ပတ်ကင်း ၃ ယောက်နဲ့တိုးပြီး နှစ်ဘက်ပစ်ခတ်ရင်း သူတို့ဘက်က သေတဲ့တယောက်ရဲ့ MA 1 သေနတ်ကိုသိမ်းခဲ့တာ” လို့  အနောက်မြောက်စစ်ဒေသ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကပြောပါတယ်။

ဒီတိုက်ခိုက်မှုကို အမှတ် ၈၁၅ နောက်မြောက်စစ်ဒေသပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA၊ ရဲခေါင်ပြောက်ကျားတပ်ဖွဲ့ - PLA စုပေါင်းအင်အား၊ မြင်းခြံ 35 တပ်ဖွဲ့၊ Burmese Guerrilla Force - BGFနဲ့ KG တပ်ဖွဲ့ တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။ 

ရဲခေါင်ပြောက်ကျားတပ်ဖွဲ့ - PLA နဲ့မဟာမိတ်အဖွဲ့တွေဟာ ပြီးခဲ့တဲ့ မတ် ၁၁ ရက် မနက် ၁၁ နာရီလောက်ကလည်း မြင်းခြံမြို့က ထွက်လာတဲ့ စစ်ကောင်စီကားကို မြို့အထွက်မှာတိုက်ခိုက်ခဲ့ရာ စစ်သား ၆ ဦးသေဆုံးပြီး လက်နက်နဲ့ကျည်တွေ သိမ်းဆည်းခဲ့ပါသေးတယ်။

ပုံစာ - ကာကွယ်ရေးရဲဘော်များ သိမ်းဆည်းရရှိသည့် သေနတ်။

စာတည်း - လင်း 

#မြေလတ်အသံ

#မန္တလေး #မြင်းခြံ #ကုက္ကိုရွာရဲစခန်း #စစ်ပွဲ #လက်နက်သိမ်းဆည်း #ပဋိပက္ခ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10