ယင်းမာပင်မြို့နယ်ထဲမှာ အချိန်အခါမဟုတ် မိုးရွာပြီးမိုးသီးများကြွေကျ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အရှေ့ခြမ်းက ကျေးရွာအချို့မှာ မေ ၃ ရက် မနေ့ညနေ ၅ နာရီကျော်လောက်က အချိန်အခါမဟုတ် ရုတ်တရက်မိုးရွာသွန်းကာ မိုးသီးတွေ ကြွေကျခဲ့တယ်လို့ အဲဒီဒေသကိုရောက်ရှိနေတဲ့မြေပြင် PDF ထောက်ပို့အမျိုးသမီးတဦးက‌ ပြောပါတယ်။

အဲဒီလိုမိုးရွာသွန်းမှုအခြေအနေကို စစ်ကောင်စီစစ်ကြောင်းရန်ကလွတ်ဖို့ ပြောင်းရွှေ့ပြေးလွှားနေတဲ့ ဒေသခံစစ်ရှောင်အများအပြားလည်း ကြုံတွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

ယင်းမာပင်မြို့နယ်အရှေ့ခြမ်းမှာ မိုးရွာသွန်းကာ မိုးသီးကြွေပေမယ့် ယင်းမာပင်မြို့နယ်အနောက်ခြမ်းနဲ့ ကနီ၊  ဆားလင်းကြီးမြို့နယ်တွေမှာတော့ မိုးရွာသွန်းတာနဲ့ မိုးသီးကြွေတာမျိုးမရှိဘူးလို့ ပြောပါတယ်။

မေ ၄ ရက် ဒီနေ့မှာတော့ ယင်းမာပင်မြို့နယ် အရှေ့ခြမ်းမှာ မိုးအုံ့ဆိုင်းတာမျိုးမရှိဘဲ အပူရှိန်မြင့်တက်နေတယ်လို့ သိရပါတယ်။ 

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - HP

#မြေလတ်အသံ

#ယင်းမာပင် #မိုးရွာ #မိုးသီးကြွေ #သတင်း #ရုပ်သံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10