သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်က ကျေးရွာတွေကို စစ်ကောင်စီတပ်က ဇူလိုင် ၃၁ ရက် ဒီမနက် ၇ နာရီခွဲလောက်ကစကာ အင်အား ၇၀ ကျော်နဲ့ စစ်ကြောင်းထိုးနေသလို ချင်းတွင်းမြစ်ထဲကနေ လက်နက်ကြီးငယ်တွေနဲ့ ပစ်ခတ်လို့ ဒေသခံတွေတိမ်းရှောင်နေရတယ်လို့ ချိုမိုင်မိုင်တော်လှန်ရေးအင်အားစုက သတင်းထုတ်ပြန်ထားပါတယ်။
ယင်းမာပင်မြို့နယ် စုန်းချောင်း၊ စည်သူ၊ သံဘို၊ ကျောက်မှော်ရွာတွေက ဒေသခံပြည်သူ ၃၀၀၀ ကျော်တိမ်းရှောင်နေရတာလို့ ဆိုပါတယ်။
"ကားတွေဆိုင်ကယ်တွေ သုံးဘီးတွေနဲ့ပြေးရတာဗျ။ ညကလည်းမိုးတွေရွာထားတော့ ရွှံ့တွေဗွက်တွေထဲ ပြေးရတာပေါ့ဗျာ အိမ်တွေကို မီးရှို့တာတော့မရှိဘူး။ လူကြီးလူငယ်မကျန် ရွာလုံးကျွတ်ပြေးရတာပေါ့" လို့ ချိုမိုင်မိုင်တော်လှန်ရေးအင်အားစုက သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ရဲဘော်မောင်တူးက ပြောပါတယ်။
စစ်ကြောင်းဟာ ယင်းမာပင်မြို့နယ်အောင်ဇေယျကုန်းကနေ ခြေလျင်စစ်ကြောင်းထိုးလာတာဖြစ်ပြီး လက်ရှိမှာလည်း ချင်းတွင်းမြစ်ထဲက စစ်သင်္ဘော ၂ စီးဟာ ကျောက်မှော်ရွာမှာ ကျောက်ချရပ်နားနေတယ်လို့ ဆိုပါတယ်။
အဲ့ဒီကျေးရွာ ၄ ရွာဟာ ဇူလိုင် ၂၁ ရက်ကလည်း စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလို့ တိမ်းရှောင်ခဲ့ ရပါသေးတယ်။
စာတည်း - နွေဦးငြိမ်းချမ်း
#မြေလတ်
#သတင်း #စစ်ကိုင်းတိုင်း #ယင်းမာပင် #စစ်ရှောင် #စစ်ကောင်စီ #စစ်သင်္ဘော
Share Share Share