ရိက္ခာလာပို့တဲ့ စစ်ကားကို မိုင်းဆွဲတိုက်ခိုက်ပြီး ပစ်ခတ်မှုဖြစ်လို့ နှစ်ဘက်ထိခိုက်မှုရှိ

ရိက္ခာလာပို့တဲ့ စစ်ကားကို မိုင်းဆွဲတိုက်ခိုက်ပြီး ပစ်ခတ်မှုဖြစ်လို့ နှစ်ဘက်ထိခိုက်မှုရှိ

ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်မြို့နယ်မှာ ရိက္ခာပို့လာတဲ့စစ်ကြောင်းကို ဩဂုတ် ၆ ရက် ဒီမနက် ၆ နာရီလောက်မှာ မိုင်းဆွဲတိုက်ခိုက်ပြီးနောက် အပြန်အလှန်ပစ်ခတ်ခဲ့တာကြောင့် နှစ်ဘက်ထိခိုက်မှုရှိတယ်လို့ ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း ၃၆၀၁-PPDF ရဲ့ တာဝန်ရှိသူတဦးဆီက သိရပါတယ်။

ပေါင်းတည်မြို့နယ်၊ မှတ်တိုင်ရွာဘက်ကနေ အင်အား ၁၅ ဦးပါစစ်သားတွေက သစ်ပုတ်အုပ်စု၊ သစ်ပုတ်တာဝါတိုင်အထိုင်စခန်းကို ကားနဲ့ရိက္ခာလာပို့ချိန် သစ်ပုတ်ရွာအနောက်ဘက် မြေနီ လမ်းပေါ်ကနေ တပ်ရင်း ၃၆၀၁  PPDF တပ်ခွဲ ၁ အဖွဲ့ဝင်တွေက မိုင်းဆွဲပြီးလက်နက်ငယ်တွေနဲ့ပါ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“ကားကမိုင်းကွင်းထဲဝင်လာချိန်မှာ အသင့်ပြင်ထားတဲ့ မိုင်း ၄ လုံးနဲ့ ဆွဲလိုက်တာ။ ၄လုံးစလုံးကွဲတယ်။ ဒီကောင်တွေကလည်း ဖောကားကိုရပ်ပြီး အကွယ်ယူပစ်ခတ်တာတွေလည်းရှိတယ်။ သူတို့ဘက်ကလည်း အနည်းဆုံး ၄ ဦးလောက်ထိတယ်။” လို့ တပ်ရင်း ၃၆၀၁  PPDF က သတင်းပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

၁၅ မိနစ်ကြာအပြန်အလှန်ပစ်ခတ်ချိန် PPDF ရဲဘော်တဦးလည်း တင်ပါးကိုသေနတ်ကျည်ထိမှန်ပြီး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ 

တိုက်ခိုက်ခံရပြီးနောက်မှာ အဲ့ဒီနေရာမှာပဲ ဖောကားပေါ်ကရိက္ခာအိတ်တွေကိုချထားခဲ့ကာ တနာရီလောက်အကြာမှ တာဝါတိုင်စခန်းရှိ စစ်သားတွေက လှည်းသုံးစီးနဲ့လာသယ်သွားကြောင်း မြေပြင် ကင်းထောက်တွေဆီက ပြန်သိရတယ်လို့ သတင်းပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ 

ပုံစာ - မိုင်းဆွဲတိုက်ခိုက်နေတဲ့ တပ်ရင်း ၃၆၀၁  PPDFတပ်ခွဲ ၁ က ရဲဘော်များ။

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #ပေါင်းတည် #မိုင်းဆွဲ #တိုက်ခိုက်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10