သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မကွေးတိုင်း၊ ရေစကြိုမြို့က လက်ဖက်ရည်ဆိုင်မှာ အစည်းအဝေးလုပ်နေတဲ့စစ်အုပ်စုကို ဇန်နဝါရီလ ၂၇ ရက်ဒီနေ့မနက်က သွားရောက်တိုက်ခိုက်ခဲ့လို့ ပြည်သူ့စစ်အဖွဲ့ဝင် ၂ ဦးသေဆုံးခဲ့တယ်လို့ Myingyan Black Tiger (MBT) က သတင်းထုတ်ပြန်ထားပါတယ်။
အမှတ်၂ စည်ပင်သာယာရပ်ကွက်၊ နေရှင်နယ် လက်ဖက်ရည်ဆိုင်မှာ စစ်တပ်အရာရှိတွေနဲ့ ပြည်သူ့စစ်ခေါင်းဆောင်မြင့်ဆွေ(ခ)မောင်မြင့် ဦးဆောင်ပြီး အစည်းဝေးလုပ်နေချိန် မနက် ၈ နာရီခွဲလောက်မှာ တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
"စစ်ကောင်စီကအကြီးပိုင်းတွေနဲ့ ပြည်သူစစ်ခေါင်းဆောင်မြင့်ဆွေ(ခ)မောင်မြင့်နဲ့ ပြည်သူ့စစ်အကြီးပိုင်းတွေ သူတို့တပည့်တွေအစည်းအဝေးလုပ်နေတာ၊ လူဦးရေတော့များတယ်၊ ကျနော်တို့ရုတ်တရက်ပစ်လိုက်တော့ ၂ ယောက်တော့အဲနေရာမှာပဲသေသွားတယ်၊ လက်ဖက်ရည်ဆိုင်ပိုင်ရှင်ကလည်း စစ်မှုထမ်းဟောင်းသူလည်းအတူတူပဲ" လို့ MBT အဖွဲ့ ခေါင်းဆောင်ဗိုလ်မိုက်ခဲ ကပြောပါတယ်။
စစ်အုပ်စုဘက်က ၆ ဦးလောက်လိုက်လံပစ်ခတ်ခဲ့လို ၅ မိနစ်ကြာပြန်လည်ပစ်ခတ်ရာမှာလည်း ဒဏ်ရာရရှိသူတွေရှိခဲ့ပြီး တော်လှန်ရေးရဲဘော်တွေ အန္တရာယ်ကင်းခဲ့တယ်လို့ သူကဆက်ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုကို Myingyan Black Tiger (MBT) အဖွဲ့က ဦးဆောင်ပြီး ညီနောင်မဟာမိတ်တွေဖြစ်တဲ့The Volue Of Youngmen၊ ချောင်းဦး (ပ.လ.ဖ)၊ မုံရွာခရိုင်တပ်ရင်း ၁၂တပ်ခွဲ ၄၊ VOMDY-Front Warrior တို့ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
ဇန်နဝါရီလ ၁ ရက်ညကလည်း Myingyan Black Tiger (MBT)နဲ့မဟာမိတ်တွေဟာ ရေစကြိုမြို့၊ အမှတ် ၁ ရပ်ကွက် ကပ်ကျော်ကျောင်းတိုက်မှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်သားတွေ ဝင်ရောက်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ၄ ဦးသေဆုံးခဲ့ပါသေးတယ်။
#မြေလတ်အသံ
Share Share Share