သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ရေစကြို၊ ဇန်နဝါရီလ၂၉၊ ၂၀၂၃။
မကွေးတိုင်း၊ရေစကြိုမြို့နယ်မှာ တောင်ပေါ်က ဆင်းလာတဲ့စစ်ကောင်စီယာဥ်တန်းကို ဇန်နဝါရီလ ၂၈ ရက် မနေ့က မနက်ပိုင်း ကြားဖြတ်တိုက်ခိုက်ခဲ့လို့ စစ်သား ၆ ဦးသေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရေစကြို (ပကဖ)က ပြောပါတယ်။
ရှင်မတောင် တောင်ပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့က ဒီနေ့မနက်ပိုင်း ၁၁ နာရီလောက်မှာ အင်အား ၆၀ လောက်နဲ့ ဆင်းလာချိန် ထန်းတိုကျေးရွာနဲ့ဘောင်ဘဲ့တန်းကျေးရွာကြားမှာလက်နက်ကြီးလက်နက်ငယ်တွေနဲ့ ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။
"သူတို့ကတောင်ပေါ်ကနေထော်လာဂျီအကြီးနဲ့ဆင်းလာတာ။ ကျနော်တို့ရဲဘော်တွေကပျောက်ကြားစနစ်နဲ့ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။ သူတို့ဘက်က ၆ ယောက်သေတယ်။တိုက်ပွဲကြာချိန်က နာရီဝက်လောက်ရှိတယ်"လို့ ရေစကြို (ပကဖ)တာဝန်ရှိသူက ပြောပါတယ်။
တိုက်ခိုက်အပြီးမှာ စစ်ကောင်စီဘက် ပြန်လည်ပစ်ခတ်ခဲ့တဲ့အတွက် ပူးပေါင်းအဖွဲ့တွေ ပြန်လည်ဆုတ်ခွာခဲ့တယ်လို့ သူကဆက်ပြောပါတယ်။
စစ်ကောင်စီဘက်က သေဆုံးမှုတွေနဲ့ပတ်သက်ပြီး မြေလတ်အသံအနေနဲ့ သီးခြားအတည်ပြုချက်မရရှိသေးပါဘူး။
အဲဒီစစ်ဆင်မှုမှာ ပြည်သူကာကွယ်ရေတပ်ဖွဲ့-ရေစကြို(ပ.က.ဖ)နဲ့အတူ ပခုက္ကူခရိုင်တပ်ရင်းအမှတ် ၉ ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မြိုင် တပ်ရင်း ၂ ၊လျှပ်စီးပျောက်ကြားတပ်ဖွဲ့ နဲ့ သံမဏိသိန်းငှက်ပျောက်ကြားတပ်ဖွဲ့ တို့ဖြင့်ပူပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ဇန်နဝါရီလ ၁၉ရက်ကလည်း ရေစကြိုမြို့နယ် ကြီးကန်ကျေးရွာကို ကင်းပုန်းလာဝပ်တဲ့ အင်အား ၁၅ ဦးပါတဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုမြို့နယ် (ပ.က.ဖ) ရဲဘော်တွေက Drone နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ကြပါသေးတယ်။
#မြေလတ်အသံ
Share Share Share