ရှေ့တန်းနဲ့ အနီးဆုံးနေရာက ဆေးတပ်သား မဖြိုးဖြိုး (အမျိုးသမီးကဏ္ဍ)

စစ်တပ်အာဏာမသိမ်းခင်အထိ ဆေးရုံတခုမှာ သူနာပြုဆရာမအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ စစ်ကိုင်းတိုင်းက မဖြိုးဖြိုးဟာ ၂၀၁၃ ခုနှစ်ကတည်းက သူနာပြုဆရာမဖြစ်လာခဲ့တာပါ။ 

အာဏာသိမ်းစ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှာကတည်းက အာဏာသိမ်းမှုကိုဆန့်ကျင်ပြီး လက်ရှိ ပန်းနုဝင်းဆိုတဲ့ကလောင်နာမည်နဲ့ တော်လှန်ရေးကဗျာတွေ ရေးသားနေသူတဦးလည်း ဖြစ်ပါတယ်။

မဖြိုးဖြိုးဟာ သူနာပြုအလုပ်ကိုစွန့်လွှတ်ပြီး CDM လုပ်ကာ ပုလဲနယ်ထဲမှာ ၂ နှစ်နီးပါး နေထိုင်ခဲ့ရင်း ယင်းမာပင်ခရိုင်၊ အမှတ်၁၂ တပ်ရင်းထဲကို ရောက်ရှိခဲ့တာဖြစ်ပါတယ်။ 

တော်လှန်ရေးမှာ တတ်နိုင်တဲ့ဘက်က ပါဝင်ဖို့ဆုံးဖြတ်ခဲ့ပေမယ့် မိဘတွေကခွင့်မပြုခဲ့လို့  အိမ်ကနေခိုးထွက်လာခဲ့ရတဲ့ မဖြိုးဖြိုးကို မြေလတ်အသံက ဆက်သွယ်မေးမြန်းထားပါတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#အမျိုးသမီးကဏ္ဍ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10