သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပဲခူးတိုင်းအနောက်ခြမ်း၊ လက်ပံတန်းမြို့ပေါ်မှာ သြဂုတ်လ ၁၂ ရက်ဒီမနက် ၉ နာရီခွဲဝန်းကျင်က စရဖသတင်းပေး မှုခင်းရှုထောင့်မြို့နယ်အတွင်းရေးမှူး ဦးကျင်ထွေး သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
လက်ပံတန်းမြို့ပေါ် ၁ လမ်း၊ တာဆုံအနီး စိန်စံပယ်ဦး လဘ္ကက်ရည်ဆိုင်အနီးမှာ ပစ်ခတ်ခံရတာဖြစ်ပြီး ရဲသတင်းပေးဆိုသူအသက် ၆၀ ဝန်းကျင် ဗိုလ်ကျင်(ခ)ဦးကျင်ထွေးကတော့ နေရာမှာသေဆုံးကာ ပစ်ခတ်ချိန် အနီးမှာရောက်နေတဲ့ ခရီးသွား ၁ ဦးလည်း ဒဏ်ရာရရှိသွားတာလို့ ဆိုပါတယ်။
"အပစ်ခံရတာ တယောက်ကသေပြီး ခရီးသွားတယောက် ဒဏ်ရာရသွားတယ်။ သေတဲ့အင်ဖော်မာ ကျင်ထွေးကတော့ မျက်လုံးထွက်သွားတယ်၊ တယောက်ကတော့ သေလားရှင်လား မသိဘူး" လို့ မြို့ခံတဦးက ပြောပါတယ်။
လက်ရှိမှာ သေဆုံးသူနဲ့ဒဏ်ရာရသူတွေကို လက်ပံတန်းဆေးရုံကို ပို့ဆောင်ထားတယ်လို့ သူကဆက်ပြောပါတယ်။
နောက်ထပ်ဒေသခံတဦးကလည်း ဦးကျင်ထွေးဟာ မှုခင်းရူထောင့်သတင်းထောက်၊မြို့နယ်အတွင်းရေးမှူးဖြစ်ပြီး စရဖ (စစ်ဖက်ရေးရာလုံခြုံရေး) အဖွဲ့သတင်းပေးဖြစ်ကာ ကျည်ထိမှန်ဒဏ်ရာရရှိသူဟာ ခရီးသွား ၁ ဦး ဖြစ်တယ်လို့လည်း ပြောပါတယ်။
အဲဒီပစ်ခတ်မှုနဲ့ပတ်သက်ပြီး ဘယ်အဖွဲ့ကလုပ်ဆောင်တယ်ဆိုတာကို အခုချိန်အထိထုတ်ပြန်တာမျိုး မရှိသေးပါဘူး။
ပြီးခဲ့တဲ့ သြဂုတ်လ ၁၀ ရက်မနက်ကလည်း ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်မြို့နယ်သာကဒိုးကွေ့ရွာ က စစ်တပ်သတင်းပေးလို့ အမည်ထွက်နေသူ ကိုကျော်သူနိုင်နဲ့ အဖော်ဖြစ်သူတို့ကို ပေါင်းတည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ခွဲ ၅ နွေဦးတပ်ဖွဲ့ကနတ်ပုတီးကျေးရွာ ရန်ကုန် - ပြည်လမ်းဘေးမှာ ပစ်သတ်ခဲ့ကြပါသေးတယ်။
စာတည်း - နွေဦးငြိမ်းချမ်း
#မြေလတ်အသံ
#သတင်း #ပဲခူးတိုင်းအနောက်ခြမ်း #လက်ပံတန်း #စရဖ #မှုခင်းရှုထောင့် #ပစ်ခတ်ခံရ #ပေါင်းတည်
Share Share Share